1. Home
  2. Special or Others

ဈေးဝယ်စင်တာတွင် E-cigarette မှ ပေါက်ကွဲမှုဖြစ်ပွား

Special or Others ก.ย. 16, 2559 view 1,547
အမေရိကန်နိုင်ငံ နယူးဂျာစီမြို့ရဲ့ ဈေးဝယ်ကုန်တိုက် တစ်ခုမှာ အမျိုးသမီးတစ်ဦးရဲ့ လက်ပွေ့အိတ်ထဲကနေ ပေါက်ကွဲမှုတစ်ခု ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ပါတယ်။
 
လုံခြုံရေးကင်မရာများကနေ ပြန်လည်စစ်ဆေး ကြည့်တဲ့အခါ မျက်မှန် အရောင်းကောင်တာပေါ်တွင် တင်ထားသော Louis Vuitton အိမ်အမျိုးအစားထဲမှ ရုတ်တရက် ထပေါက်ကွဲပြီး မီးခိုးငွေ့ အမဲတွေအူထွက်လာပါတယ်။
 
အိတ်ပိုင်ရှင်ဖြစ်သူ မာရာမက်လင်နရီ က “ကျွန်မအရမ်းလန့်သွားတယ်၊ အသံက သေနတ်ဖောက်လိုက်တဲ့ အသံလိုပါပဲ၊ ဗုံးပေါက်သွားသလိုပါပဲ၊ ကျွန်မအိတ်ထဲကို တစ်ယောက်ယောက်က တစ်ခုခု ထည့်သွားတယ်လို့ ထင်ခဲ့တာ” ဟု ပြောဆိုပါတယ်။
 
မက်လင်နရီ က သူမရဲ့အိတ်ကို ကမန်းကတန်း သွန်ချလိုက်ချိန်မှာ အနီးနားက လူတွေအားလုံး ထွက်ပြေးကုန်ကြပါတယ်။ နောက်ဆုံးမှာတော့ အိတ်ထဲက ဆေးလိပ်ဖြတ်သူတွေ အစားထိုးကြတဲ့ E-cigarette ရဲ့ ဘက်ထရီကနေ ပေါက်ကွဲမှု ဖြစ်နေတာကို သိခဲ့ရပါတယ်၊ အဆိုပါ အသေးစား ပေါက်ကွဲမှုကြောင့် သူမရဲ့ လက်ဖျားထိပ်လေးတွေ အပူလောင်သွားခဲ့ပါတယ်။
 
@Popolay


Follow us on