1. Home
  2. Myanmar News

ရန်ကုန်မြို့လယ်ခေါင်တွင် အိမ်ပေါ်တက်ရိုက် အနုကြမ်းစီး အဘွားအိုတစ်ဦး သေဆုံး

Myanmar News ก.ย. 19, 2559 view 1,600
စက်တင်ဘာ ၁၈ ရက်၊ ကျောက်တံတားမြို့နယ် ၃၅ လမ်း အလယ်ဘလောက်ရှိ တိုက်ခန်းတစ်ခုတွင် နေထိုင်သူ သားအမိနှစ်ဦးကို အိမ်ပေါ်တက်၍ ရိုက်နှက်မှုတစ်ခု နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ တိုက်ခန်းတွင် နေထိုင်သူ သားအမိ၊ အသက် ၆၀ အရွယ် အဘွားအိုနှင့် အသက် ၄၃ နှစ်ဝန်းကျင် အမျိုးသမီးတို့ နှစ်ဦးအား ၎င်းတို့၏ တူတော်စပ်သူ အိမ်သို့လာသဖြင့် တံခါးဖွင့်ပေးခဲ့ပြီးနောက် တူဖြစ်သူက အသင့်ပါလာသော သံတုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် အဘွားအိုမှာ ဦးခေါင်းနှင့် လည်ပင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ရန် ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။
 
"တံခါးခေါက်တော့ တူဆိုတော့လဲတံခါးဖွင့်ပေး လိုက်တာ။ ဝယ်လာတဲ့ ဒံပေါက်တောင်စားလိုက် သေးတယ်။ ပြီးတော့မှရိုက်ပြီးခုန်ချတယ်ပြောတယ်။ ခုအဘွားကြီးရော တရားခံရောသေသွားပြီ။ သူ့သမီး လဲခေါင်းမှာ ဒဏ်ရာရသွားတယ်"
 
ရပ်ကွက်နေပြည်သူများက အနုကြမ်းစီးနေကြောင်း သိရှိသွားဖြင့် အိမ်ရှေ့လှေခါးပေါက်မှနေ ဝိုင်းလာစဉ် တရားခံမှာ နောက်ဖေးပေါက်မှ ခုန်ချခဲ့ပြီး ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သိရှိခဲ့ပါတယ်။
 
"လမ်းထဲကလူတွေကအနုကြမ်း စီးနေတာ သိတော့အရှေ့လှေကား ကတက်ကြတယ်။ အဲဒီတော့တရားခံကထွက်ပေါက်မရှိတော့ အနောက်ကနေခုန်ချတာ။ ကျွန်တော်တို့ သွားကြည့်တော့မှောက်လျက်လဲနေတယ်"
 
တရားခံအမျိုးသားမှာ အသက် ၄၀ ခန့်ရှိပြီး သံတုတ်အသင့်ပါလာခဲ့သဖြင့် ရညရွယ်ချက် တစ်ခုခုရှိကြောင်း ကျောက်တံတားမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မကြည်ပြာက ပြောသည်။
 
"လုပ်တဲ့သူက အဘွားကြီးနဲ့ တူတော်တယ်ပြောတယ်။ လာထဲကသံတုတ်ပါလာ တယ်ဆိုတော့ တစ်ခုခုလိုချင်လို့ ရည်ရွယ်ချက်ရှိရှိ လာတာဖြစ်လောက်တယ်"
 


Follow us on