1. Home
  2. Myanmar News

ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး ဂုဏ်ပြုဆု မြန်မာနိုင်ငံသားတစ်ဦး ချီးမြှင့်ခံရ

Myanmar News ก.ย. 19, 2559 view 1,558
ထိုင်းနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးကို တက်တက်ကြွကြွ ဆောင်ရွက်နေသာ ရခိုင်အမျိုးသား ဦးကျော်သောင်းအား ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (Department of Special Investigation, DSI)မှ ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါဆုကို စက်တင်ဘာ ၁၄ ရက်နေ့က ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုကို တိုက်ဖျက်နေသော အဖွဲ့အစည်း ၂၀ ခန့်အား ဘန်ကောက်မြို့ရှိ စင်ထရယ်ဟိုတယ်၌ အခမ်းအနားပြုလုပ်၍ ပေးအပ်ချီးမြှင့်ခဲ့ရာတွင် ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသားများအဖွဲ့ (Myanmar Association In Thailand, MAT) ၏ ဒါရိုက်တာ ဦးကျော်သောင်းနှင့် မြန်မာသံရုံးတို့မှလည်း ပါဝင်ကြောင်း သိရှိရသည်။
 
ဆုတံဆိပ်အဖြစ် ရွှေရင်ထိုးတစ်ခု၊ ဂုဏ်ပြုလွှာတစ်ခု ရရှိခဲ့သော်လည်း နိုင်ငံရပ်ခြားတွင် ယခုကဲ့သို့ လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ဆုရရှိသဖြင့် နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်း ဦးကျော်သောင်းက မီဒီယာများသို့ ပြောကြားသည်။
 
ကိုးကား-နိရဉ္ဇရာ


Follow us on