1. Home
  2. Movie Stars - Celebrity

Album သစ်ထွက်မယ့် Lady Gaga

Movie Stars - Celebrity ก.ย. 19, 2559 view 1,554

အသက် 30 ပေါ့ပ်ကြယ်ပွင့် Lady Gaga ဟာ ARTPOP Album ထွက်ပြီး သုံးနှစ် အတွင်း အယ်လ်ဘမ်အသစ် Joanne ကို အောက်တိုဘာ ၂၁ ရက်တွင် ဖြန့်ချိမယ်လို့ ကြေညာခဲ့ပါတယ် ။ Joanne ကို Interscope တေးသံ သွင်း ကုမ္ပဏီ၊ Stream Line ကုမ္ပဏီတို့မှတစ်ဆင့် ထုတ်ဝေ မှာ ဖြစ်တယ်လို့လဲ သိရပါတယ်။

အယ်လ်ဘမ် ခေါင်းစဉ် သီချင်းကို သေဆုံးသွားပီ ဖြစ်တဲ့ အဒေါ် ရဲ့နာမည်ပေးထားတာလို့လဲ Gaga က ပြောထားပါတယ်။ Joanne ဟာ Gaga ရဲ့ အမည်ရင်း Stefani Joanne Angelina Germanotta ထဲ က တလုံးဖြစ်တဲ့ အပြင် မျိုးရိုးနာမည်လဲ ဖြစ်ပါတယ်လို့ ပြောထားပါတယ် ။ သီချင်း 11 ပုဓ် ပါဝင်မယ်လို့လဲ ပြောထားပါတယ်။

Gaga ဟာ ၁၅ ရက်နေ့ည Tony Bennett Celebrates 90 ပွဲကို အနက်ရောင်ဂါဝန် ဘရာမပါ တဲ့အပြင် အတွင်းခံဘောင်းဘီလည်း ပေါ်အောင် ဝတ် ထားပြီးရောက်လာခဲ့ပါ တယ်။ Gaga ဝတ်ဆင်ထားတဲ့ ပုံနဲ့ ပွဲကို ရောက်လာချိန်မှာ ကြည့်ရှုသူတွေ ဝိုင်းဝိုင်းလည်သွားပါတယ်။ အားလုံးရဲ့ အကြည့်ဟာလဲ Gaga ဆီမှာပဲ ရောက်နေခဲ့ကြပါတယ် ။

Credit:7day daily 



Follow us on