1. Home
  2. Movie Stars - Celebrity

Justin Bieber နဲ့ Sofia Richie တို့ တကယ်ပြတ်သွားကြပြီလား

Movie Stars - Celebrity ก.ย. 20, 2559 view 1,557

22 နှစ်အရွယ် Justin Bieber နဲ့ 18 နှစ် Sofia Richie တို့ရဲ့ အချစ်ဇာတ်လမ်းက အစကတည်းက သိပ်ပြီး အလေးအနက်မရှိခဲ့ဘူးလို့ TMZ က ပြောခဲ့ဘူးပါတယ် ။ သြဂုတ်လ ၂၉ ရက်နေ့က မက္ကဆီကိုမှာ အပန်းဖြေခဲ့ကြတဲံ့ ပုံ နောက်ပိုင်းမှာ ထပ်တက်လာတဲ့ ဓာတ်ပုံဆိုတာ မရှိခဲ့ပါဘူး ။

စက်တင်ဘာလ ၁၉ ရက်နေ့က JB ဟာ ဂျာမနီနိုင်ငံ ကိုလုံမြို့ကို ရောက်နေပါတယ်။JB နဲ့ Sofia တို့ဇာတ်လမ်းဟာ သြဂုတ်လ ကယ်လီဖိုးနီးယားပြည်နယ်၊ လက်ဂူနာကမ်းခြေမှာ အတူတွဲတွေ့ကတည်းက ဟိုးလေးတကျောဖြစ်သွားခဲ့တာပါ။ သြဂုတ်လကုန်ပိုင်းက ဆိုဖီယာရဲ့ အသက် ၁၈ နှစ် မွေးနေ့မှာ နှစ်ယောက်အတူရှိခဲ့ကြပြီးနောက် မက္ကဆီကကိုက Cabo San Lucas ကျွန်းကို ခရီးအတူထွက်ခဲ့ကြပြီး သူတို့နှစ်ယောက် ရေကူးဝတ်စုံကိုယ်စီနဲ့ အနမ်းခြွေနေတဲ့ ပုံတွေတောင် ထွက်ခဲ့ပါသေးတယ်။

ခရီးထွက်ပြီးကတည်းက သူတို့နှစ်ဦးကို အတူတကွ မတွေ့ရတော့ပါဘူး။ ဒါ့အပြင် JB က ရည်းစားဟောင်း Selena ကို ဖုန်းတွေ ဆက်တိုက်ဆက်နေတယ်လို့ ဖုန်းနံပါပြောင်းကာ သူငယ်ချင်းတွေကိုလည်း JB ကို ဖုန်းနံပါတ်မပေးဖို့ ပြောခဲ့တယ်လို့ UsWeekly က ဖော်ပြခဲ့ပါသေးတယ်။ အခုတော့ ၂ယောက်လုံး လမ်းခွဲခဲ့ကြပြီး ကိုယ့်လမ်းကိုယ် လျှောက်တော့မည်ဖြစ်ကြောင်း သတင်းမီဒီယာတွေက အခိုင်အမာဆိုခဲ့ကြပါတယ်။

Credit:Duwun



Follow us on