1. Home
  2. Movie Stars - Celebrity

နှုတ်ခမ်းနီဆိုးခဲ့ တဲ့ ဥက္ကာမင်းမောင်

Movie Stars - Celebrity ก.ย. 20, 2559 view 1,604

အဆိုတော် နီနီခင်ဇော်ရဲ့ Super Red နှုတ်ခမ်းနီကြော်ငြာတစ်ခုမှာ သရုပ်ဆောင်ဥက္ကာမင်းမောင်နဲ့ တွဲပြီးရိုက်ထားတဲ့ ကြော်ငြာဟာပရိတ်သတ်တွေအတွက် အထူးအဆန်းဖြစ်စေခဲ့ပါတယ်။ ပုံထဲမှာ ဥက္ကာမင်းမောင်ကနှုတ်ခမ်းနီဆိုးထားတာဖြစ်ပြီး အခုလိုရိုက်ဖြစ်တာဟာအဝေဖန်ခံရမှာသိပေမယ့်လည်း ကြော်ငြာအိုင်ဒီယာကိုသဘောကျလို့ ရိုက်ဖြစ်တာပါလို့ သရုပ်ဆောင်ဥက္ကာမင်းမောင်က သူ့ပရိတ်သတ်တွေကို အမေရိကကနေ ဖြေဆိုပေးခဲ့တာပဲဖြစ်ပါတယ်။ ဘယ်လို မျိုး ဖြစ်ဖြစ် ကောင်းတာပဲ ပြောပြော ဆိုးတာပဲ ပြောပြော ဒီကြော်ငြာလေး အောင်မြင်တယ်ပြော ရမယ်လို့လဲ ဟောသနှောပြောသွားပါသေးတယ် ။ နှုတ်ခမ်းနီ ထွက်လာတဲ့ အချိန်မှာ ဥက္ကာမင်းမောင် ဆိုးတဲ့ နှမ်းခမ်းနီ ဆိုပြီး ၀ယ်နေကြမှာကို လဲ မြင်ယောင်တယ်လို့ ပြော သွားခဲ့ပါတယ်။စက်တင်ဘာ လကုန် ရင်လဲ ပြန်လာပြီး မေထုန်ရာသီဖွားထွက်ရင်လဲ အားပေးကြပါအုံးလို့ ပြောသွားခဲ့ပါတယ်။ 

Credit: 7day tv



Follow us on