1. Home
  2. Special or Others

သူရဲ့ ခွေးကို iPhone 7 ရှစ်လုံးဝယ်ပေးတဲ့ တရုပ်သူဌေးသား

Special or Others ก.ย. 21, 2559 view 1,626
Apple ရဲ့ ပစ္စည်းတွေ အားလုံးဟာ ဈေးကြီးတဲ့ တန်ဖိုးမြင့် ပစ္စည်းတွေဖြစ်လို့ တော်ရုံတန်ရုံလူတစ်ယောက် အနေနဲ့ဆို လိုချင်ရင်တောင် နှစ်ခါလောက် ပြန်စဉ်းစားပြီးပဲ ဝယ်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တရုပ်ပြည်က ’ကိုကိုး’ လို့ အမည်ပေးထားတဲ့ ခွေးလေးတစ်ကောင်ကိုတော့ သူ့ရဲ့ ပိုင်ရှင်ဖြစ်သူက နောက်ဆုံးပေါ် iPhone 7 ရှစ်လုံးတိတိ ဝယ်ပေးခဲ့ပါတယ်။
 
ခွေးပိုင်ရှင် ‘ဝမ်စီကွန်း’ ဟာ ယူအက်စ်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ပိုင်ဆိုင်တဲ့ တရုပ်ဘီလီယံနာ 'ဝမ်ဂျန်လင်း' ရဲ့ သားတစ်ဦးဖြစ်ပါတယ်။ ‘ဝမ်စီကွန်း’ က တရုပ်လူမှုကွန်ယက် တစ်ခုဖြစ်တဲ့ “Weibo” မှာ ခွေးလေး ‘ကိုကိုး’ အနေနဲ့ “ဘော်ဒါတွေက iPhone 7 တွေ ဘာလို့ ထုတ် ထုတ်ပြနေကြတာလဲ..? ဒါက ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တာ၊ ခင်ဗျားတို့ လုပ်တာနဲ့ ကျုပ်လဲ ထုတ်ပြရပီပေါ့” လို့ စာရေးတင်ခဲ့ပါတယ်။
 
ဒါတင်မကသေးပဲ တစ်လုံးကို ယူအက်စ်ဒေါ်လာ ၁ သောင်းလောက်တန်တဲ့ ရွှေရောင် Apple Watch နှစ်လုံးကို ‘ကိုကိုး’ ရဲ့ လက်မှာ ပတ်ပေးထားတဲ့ ပုံတွေ၊ ဒေါ်လာ ၆၀၀ တန် Delvaux သော့ချိပ်ကို လည်ပတ်အဖြစ် ဆင်ပေးထားတဲ့ ပုံတွေကိုပါ တင်ခဲ့ပါတယ်။
 
 
 
 
ဒါတွေကို ကြည့်ခြင်းအားဖြင့် ‘ဝမ်စီကွန်း’ ဟာ ‘ကိုကိုး’ အတွက် iPhone 7 ရှစ်လုံးပဲ ဝယ်ပေးထားတာ မဟုတ်ကြောင်း အံ့အားသင့်မိပါတယ်။
 
Ref:Stomp


Follow us on