1. Home
  2. Myanmar News

မန္တလာထွန်း နှင့် အောင်ဇေယျ ခရီးသည်တင်ယာဉ်နှစ်စီး တိုက်မိ

Myanmar News ก.ย. 21, 2559 view 1,886
စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က မကွေးတိုင်း၊ ရေနံချောင်းမြို့ရှိ ဘဲနန်းတံတား အနောက်ထိပ်တွင် လက်ပုံစံလမ်းအဆင်း နေရာတွင် ခရီးသည်တင်ယာဉ်နှစ်စီးတိုက်မိကြောင်း သတင်းရရှိသည်။ မန္တလေးမှ မင်းဘူးသို့လာသော မန္တလာထွန်း ခရီးသည်တင် Express ယာဉ်နှင့် ပြည်မှ တောင်ကြီးသို့ တက်မည့် အောင်ဇေယျ ခရီးသည်တင် အံစာတုံးယာဉ်တို့ တိုက်မိခဲ့ခြင်းဖြစ်သည်။ လူအသေအပျောက် မရှိသော်လည်း အောင်ဇေယျ ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း ကားအတွင်း ညပ်နေကြောင်း သတင်းရရှိသည်။
 
 
 
 
Source: သစ်ထူးလွင်


Follow us on