1. Home
  2. Movie Stars - Celebrity

ပရိတ်သတ်တွေ ထပ်ရှိလာအောင်ကြိုးစားနေတဲ့ အလင်းရောင်

Movie Stars - Celebrity ก.ย. 22, 2559 view 1,764

မော်ဒယ် သရုပ်ဆောင် အလင်းရောင်က လတ်တလော MRTV- 4 ကရိုက်ကူးတဲ့ "မနေ့ကဖြစ်သည်" Mini Series ကို ရိုက်ကူးနေပြီး ဒီဇာတ်လမ်းတွဲမှာ အလင်းရောင်က မော်ဒယ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတာဖြစ်ပါတယ်။ ပထမဦးဆုံးရိုက်ကူးရတဲ့ ဇာတ် လမ်းတွဲဖြစ်ပြီး ဒီဇာတ်လမ်းတွဲကနေ သူ့ကို ပရိသတ်တွေပိုပြီးသိရှိလာနိုင် ဖို့လည်း မျှော်လင့်မိကြောင်း လဲ ပြောထားပါတယ်။

" အခုနောက်ပိုင်းမှာတော့ မြန်မာပြည်မှာက ဇာတ်လမ်းတွဲတွေ ခေတ်စားလာပြီး ပိုကျယ်ပြန့် လာတဲ့ အတွက် အရင်ကထက်ဇာတ်လမ်းတွဲက ပရိသတ်တွေနဲ့ အမြန်ထိတွေ့မှုရှိလာတယ်။ နေ့စဉ် ဒီဇာတ်လမ်းတွဲကို ကြည့်ရှုနေကြတော့ ကျွန်တော်တို့နဲ့ ပရိသတ်တွေကလည်း ပိုပြီးရင်းရင်းနှီးနှီးရှိလာ နိုင်တယ်။ ကျွန်တော် ဒီဇာတ်လမ်း ရိုက်ကူးရတဲ့အတွက် အမှန်အတိုင်း ပြောရရင် အသစ်တစ်ယောက်အနေနဲ့ရော၊ ပရိသတ် အများကြီးမရှိသေး တာကြောင့်ပါ။ ဒီ ဇာတ်လမ်းကနေ ကျွန်တော့်ကို အလင်း ရောင်ဆိုတာ ပရိသတ်သိသွားစေချင် တယ်။ ကျွန်တော့်ကို မသိသေးတဲ့ ပရိသတ်တွေရော၊ သိပြီးသား ပရိသတ်တွေပါ ထပ်ရှိလာနိုင်ဖို့ ကျွန်တော် အမြဲ ကြိုးစားသွားမှာပါ" လို့ ဇာတ်လမ်းတွဲ ရိုက်ကူးရခြင်းနဲ့ ပတ်သက် ပြီးပြောသွားခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲကို နှစ်လတာ အချိန်ပေးပြီး ရိုက်ကူးသွားမှာဖြစ်ပြီး ဒီဇင်ဘာလလောက်မှာ ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။ ။ ဇာတ်လမ်းတွဲ ရိုက်ကူးပြီးသွားရင်တော့ ရုပ်ရှင်ဇာတ်ကားကြီး ၃ ကား ထပ်ရိုက်ဖို့ ရှိပါသေးတယ်လို့ ပြောသွားခဲ့ပါတယ်။

Credit:popular



Follow us on