1. Home
  2. Myanmar News

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ရှေ့နေ ဦးရောဘတ်စန်းအောင် တရားစွဲမည်

Myanmar News ก.ย. 23, 2559 view 1,538
ဆယ်ကျော်သက် အိမ်အကူ အမျိုးသမီးနှစ်ဦးကို ညှင်းပန်းနှိပ်စက်ခံခဲ့ရသည့် အင်းဝအပ်ချုပ်ဆိုင် အမှုတွင် လျော်ကြေးငွေကျပ် ၅၀ သိန်းဖြင့် ကြေအေးနိုင်ရန် ကြားဝင် ညှိနှိုင်းပေးခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က မှုခင်းထိမ်ချန်မှုဖြင့် တရားစွဲဆို သွားရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
 
"ဥပဒေရဲ့အတိမ်အနက်ကို သိစေချင်လို့ပါ မှုခင်းထိမ်ချန်မှုနဲ့ ဆွဲမှာ"ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။ လက်ရှိတွင် နိုင်ငံတော်သမ္မတထံ တရားစွဲဆိုခွင့်ပြုမိန့်တောင်းခံထားပြီး ရရှိပါက မိမိကိုယ်တိုင် တရားလိုပြုလုပ်ကာ အမြန်ဆုံး စွဲဆိုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
 
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးကလည်း ညှိနှိုင်းဆောင်ရွက် ပေးခဲ့သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ဆောင်ရွက်မှု အခြေအနေများကိုလည်း စောင့်ကြည့် လေ့လာလျက်ရှိကြောင်း စက်တင်ဘာ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဦးဌေးဝင်း အောင် (ခ) ဦးပြုံးချိုက ကော်မရှင်မှ အဖွဲ့ဝင်အချို့ကို ထိရောက်စွာအရေးယူပေးပါရန် ပြည်သူ့လွှတ်တော်တွင် စက်တင်ဘာ ၂၂ ရက်နေ့က အရေးကြီး အဆိုတင်သွင်းခဲ့ပြီး လွှတ်တော် ဥက္ကဋ္ဌမှ ဆက်လက်ဆွေးနွေးရန် လက်ခံခဲ့ပြီး စက်တင်ဘာလ ၂၃ရက်နေ့တွင် ဆွေးနွေးကြမည် ဖြစ်သည်။
 
Ref:mizzima
 


Follow us on