1. Home
  2. Myanmar News

လူ့အခွင့်အရေးကော်မရှင်က စစ်အာဏာရှင်များ ခေါ်ခဲ့သည့်အတိုင်း ဒေါ်စုကြည်ဟု သုံးနှုန်း

Myanmar News ก.ย. 23, 2559 view 1,563
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်စုကြည်လို့ ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။
 
အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်မိသားစုမှ ဆယ်ကျော်သက်အရွယ် အိမ်အကူမိန်းကလေး နှစ်ဦးကို ၅ နှစ်ကြာ ကျွန်ပြုနှိပ်စက်ခဲ့သည့်အမှုကို MyanmarNow သတင်းထောက် တစ်ဦးက စုံစမ်းသိရှိရပြီးနောက်တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အင်းဝဆိုင်ပိုင်ရှင်များနှင့် နှိပ်စက်ခံ ကလေးမလေးများ၏ မိသားစုအကြား၊ ကြားဝင်ဖြန်ဖြေပြီး အမှုကို သိန်း ၅၀ နှင့် ကျေအေးခဲ့မှုအပေါ် ပြည်သူများက မကျေနပ်မှုများ ပေါ်ပေါက်ခဲ့သည့်အတွက် ကော်မရှင်မဖွဲ့ဝင်များက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်။ 
 
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာတစ်ခုမှ ယခုလိုဆုံးဖြတ်ပေးမှုအပေါ် ပြည်သူများက ကျေနပ်မှုမရှိသည့်အတွက် နှုတ်ထွက်ပေးရန် တောင်းဆိုမှုးများ ရှိနေသည့်အပေါ် တွင် လူ့အခွင့်အရေးကော်မရှင်အနေနဲ့ နှုတ်ထွက်ပေးရန် အစီစဉ် ရှိ/မရှိ မေးမြန်ခဲ့ရာ၊ ဦးဇော်ဝင်းက-
တောင်းဆိုလေ..။ တောင်းဆိုရင် ဒေါ်စုကြည်ကတောင် လူအများက တောင်းဆိုရင် ဘာဖြစ်တယ် ညာဖြစ်တယ် ပြောထားသေးတာပဲ
လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
 
"ဒေါ်စုကြည်" ဟူသော အခေါ်ဝေါ်မှာ အာဏာရှင် စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် ၏ အမည်တွင် အောင်ဆန်းကို ဖျောက်ဖျက်လိုသည့် အတွက် အပုတ်ချသော ဆောင်းပါး၊ ကာတွန်း သရေုပ်ဖော်ပုံများတွင် ဒေါ်စုကြည်/စုကြည် ဟု ရင့်သီးစွာ သုံးနှုန်းခဲ့သော အခေါ်ဝေါ်တစ်ခု ဖြစ်ခဲ့သည့် အတွက် ယခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်စုကြည် ဟု ခေါ်ဝေါ်သုံးစွဲလိုက်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းသည် အာဏာရှင် စိတ်ဓါတ်မပျောက်သေးကြောင်း ၎င်း၏ အပြောအဆို အမူယာများက မီးမောင်းထိုးပြသလို ဖြစ်ခဲ့ပါသည်။
 
Ref:mcntv
 


Follow us on