လတ်တလောထွက်ပေါ်ထားတဲ့ Lee min Ho နဲ့ Taylor Swift တို့ရဲ့ တွဲနေတယ် ဆိုတဲ့သတင်းကို လီမင်ဟိုနဲ့လက်တွဲနေတဲ့ MYM Entertainmentကဖြေရှင်းခဲ့ပါတယ်။ “ဒါဟာ နိုင်ငံတကာကို ပြန့်နှံ့သွားတဲ့ မဟုတ်မမှန်သတင်းပါ။လုံးဝမမှန်ပါဘူး။ Lee min Ho နဲ့ Taylor Swift တို့ဟာ တွေ့တောင် မတွေ့ဖူးပါဘူး”လို့ MYM Entertainmentက ပြောခဲ့ပါတယ်။
Taylor Swift ဟာ အရင်ကလည်း ရည်းစားများခဲ့ပြီး နောက်ဆုံး Tom Hiddleston ကွဲသွားပြန်ပါပြီ။ Inquisitr ဆိုတဲ့ဝက်ဘ်ဆိုဒ်က နောက်ထပ် Taylor တွဲနိုင်တဲ့ မင်းသားဟာ Lee Min Ho ဖြစ်နိုင်တယ်လို့ နောက်ပြောင်ခန့်မှန်းပြီးရေးခဲ့တာကို ဖွတဲ့သူတွေက ဖွခဲ့ကြတာဖြစ်ပါတယ်။
Lee Min Ho ဟာလတ်တလော SBSနဲ့ “Legend of the Blue Sea” ဇာတ်ကားကို မင်သမီး Jun Ji Hyun နဲ့အတူ စပိန်မှာရိုက်ကူးနေပါတယ်။
Credit:shwemom