1. Home
  2. Special or Others

စစ်သားတွေအတွက် ရည်ရွယ်ပြီး လေယာဉ်ပေါ်မှာ ၂၂ ခါ ဒိုက်ထိုးခဲ့တဲ့ ဒေးဗစ် ဘက်ခမ်း

Special or Others ก.ย. 23, 2559 view 1,592

-ဒေးဗစ် ဘက်ခမ်းဟာ ၂၀၁၃ ခုနှစ်မှာ ဘောလုံးလောကက အနားယူပြီးတာတောင် နာမည်ကြီးနေသေးတဲ့ ဘောလုံးသမားတစ်ယောက်ပါ။

-သူဟာ အခုထိ ကျန်းမာကြံ့ခိုင်၊ သက်လုံကောင်းသေးကြောင်းကို ၂၂ခါ ဒိုက်ထိုးပြီး သက်သေပြလိုက်ပါတယ်။

-ဒါရိုက်တာ ဝိုင်ရစ်ချီက ဒိုက်ထိုးခိုင်းတာကြောင့် သူက လေယာဉ်ပေါ်(အမြင့်ပေ ၄၄၀၀၀) ဒိုက် ၂၂ ခါ ထိုးတောင် ချွေးတောင်မစို့ပါဘူး။

ဘက်ခမ်း ဒိုက်ထိုးနေတဲ့ပုံကို ဒါရိုက်တာက ဗီဒီယို ရိုက်ပြီး အအွန်လိုင်းပေါ် တင်လိုက်ပါတယ်။ “မစ္စတာ ရစ်ချီ….ခင်ဗျားက ကျုပ်ကို ၂၂ ရက်လုံးလုံး ၂၂ ခါ ဒိုက်ထိုးဖို့ စိန်ခေါ်ထားတယ်။ခင်ဗျား…ခိုင်းလို့ ကျွန်တော် စိန်ချက်ကို လက်ခံလိုက်တာ မဟုတ်ဘူး။

အာဖဂန်မှာ စစ်မှုထမ်းပြီး တိုင်းပြည်ကို ပြန်ရောက်လာ ၊ရောက်လာတော့ စစ်ရဲ့ အနိဋ္ဌာအာရုံတွေကြောင့် စိတ်ချောက်ချား၊ စိတ်ဖိစီးပြီး သတ်သေသွားတဲ့ စစ်မှုထမ်းပေါင်း တစ်နေ့ ကို ၂၂ယောက်ရှိတယ်။စစ်မှုထမ်းတွေရဲ့ အဖြစ်ဆိုးကို လူတွေ သတိထားမိလာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော် ဒိုက်ထိုးတာ” လို့ ဒေးဗစ် ဘက်ခမ်းက ဗီဒီယိုဖိုင်မှာ ပြောသွားပါတယ်။

Soure : pyimyanmarnews



Follow us on