1. Home
  2. Movie Stars - Celebrity

ဖွေးဖွေးကို တရားမစွဲတော့ကြောင်း စင်ယော်မောင်မောင် ပြောကြား

Movie Stars - Celebrity ก.ย. 26, 2559 view 1,633
စတိုးဆိုင် ကြော်ငြာတစ်ခုရိုက်ကူးရန် ပျက်ကွက်ခဲ့တာနဲ့ ပက်သက်ပြီး သရုပ်ဆောင် ဖွေးဖွေးကို တရားစွဲဖို့ကိစ္စကို ပြနလည်ရုတ်သိမ်းကြောင်း ဒါရိုက်တာ ဇင်ယော်မောင်မောင်က စက်တင်ဘာ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ပြီး အသိပေးပြောကြားခဲ့ပါတယ်။
 
ဒါရိုက်တာ ဇင်ယော်မောင်မောင် ရိုက်ကူးမည့် Miniso စတိုးဆိုင် ကြောငြာအတွက် ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးက အနုပညာကြေး ၄၅ သိန်းနှင့် အလုပ်လက်ခံထားခဲ့ပါတယ်။ ကြောငြာစတင်ရိုက်ကူးမည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် သရုပ်ဆောင် ဖွေးဖွေးက လာရောက် ရိုက်ကူးရန် ပျက်ကွက်ခဲ့တာကြောင့် ဒါရိုက်တာ ဇင်ယော်မောင်မောင်က အရေးယူပေးပါရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်ပါတယ်။
 
စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ပြီး သရုပ်ဆောင် ဖွေးဖွေးနဲ့ ပက်သက်ပြီး အဘက်ဘက်က နစ်နာဆုံးရှုံးမှုတွေအတွက် အရေးယူတရားစွဲတာတွေ၊ နစ်နာကြေးတောင်းခံတာတွေ မပြုလုပ်တော့ဘူးလို့ ဒါရိုက်တာ စင်ယော်မောင်မောင် နဲ့ Miniso စတိုးဆိုင်ပိုင်ရှင်တို့က သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သတင်းမီဒီယာများသို့ အသိပေးပြောကြားခဲ့ပါသည်။
 
Source: ကုမုဒြာ
 
<< ယခင်ဖြစ်စဉ်သတင်းကို ဖတ်ရှုရန် >>


Follow us on