1. Home
  2. Myanmar News

ခေတ်သစ်တံချူတံဖြင့် ဉာဏ်ကြီးရှင်သူခိုးများ

Myanmar News ก.ย. 26, 2559 view 1,521
နည်းပညာတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ လူသားတွေရဲ့ အတွေးအမြင် ဉာဏ်ရည်တွေကလည်း အမီလိုက်လာနေကြပါတယ်။ သို့သော် ကောင်းတဲ့ဘက်မှာ အမီလိုက်တာက အားလုံးအတွက် အကြိုးရှိနိုင်သော်လည်း မဟုတ်တဲ့ ဘက်က တီထွင်ကြံဆလာမှုတွေကတော့ လူမှုဘဝ မလုံခြုံမှုတွေသာ တိုးလာနေစေပါတယ်။
 
ခေတ်သစ်ဉာဏ်ကြီးရှင် သူခိုးများရဲ့ တန်ဖိုးကြီး အီလက်ထရောနစ် ခိုးယူပုံအသစ်ကတော့ အံ့မခန်းလောက်အောင် လက်ဖျားခါမိပါတော့တယ်။
 
မရမ်းကုန်မြို့နယ်၊ ၂ ရပ်ကွက်က လေးလွှာတိုက်ခန်း တစ်ခုမှာဖြစ်ပါတယ်။ တစ်ညလုံး အားသွင်းထားတဲ့ ကွန်ပျူတာလပ်တော့ပ် နဲ့ စမတ်ဖုန်း တွေကို သံပန်းကာရံထားတဲ့ ပြတင်းပေါက်ကနေ တံချူတံလေးနဲ့ လှမ်းပြီး နှိုက်ယူပါတယ်။ သာမန် တံချူတံလေး မဟုတ်ပဲ ပစ္စည်းတွေကို ကပ်ယူချိပ်ပါလာနိုင်ဖို့ ကပ်အားကောင်းတဲ့ နှစ်ဖက်ကပ်တိပ်ပြား (Double tape) တစ်ခုကို ထိပ်ဖျားမှာ ချည်နှောင် တပ်ဆင်ထားပါတယ်။ စမတ်ဖုန်း တစ်လုံးလောက်ဆိုရင် အသာလေး ချိပ်ယူသွားနိုင်ပါတယ်။ နံနက်အစောပိုင်းမှာ လှမ်းယူနေတုန်း အိမ်ရှင်လူကြီး တစ်ဦး စောစောထလာတာနဲ့ ကြုံခဲ့ပြီး ခိုးယူမှု အထမမြောက်ပဲ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
 
 
 
သံပန်၊ သံတံခါးများ တပ်ဆင်ထားသော်လည်း ယခုလို ခေတ်သစ် ဉာဏ်ကြီးရှင် သူခိုးများရဲ့ အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ဖော်ပြပေးလိုက်ရပါသည်။
 
Ref: Caroline Zun FB
 

 



Follow us on