ရန်ကုန်မြို့၏ အချက်အချာတွင် တည်ရှိသော ဆူးလေစကွဲ (Sule Square) အထပ်မြင့် အဆောက်အဦသည် ဆောက်လုပ်ရန် ခွင့်ပြုထားသည့် ဒီဇိုင်းပုံစံနှင့် ကွဲပြားခြင်း၊ အထပ်ပိုများ ထည့်သွင်းတည်ဆောက်ခဲ့တာကြောင့် ရန်ကုန်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကျပ်ငွေ သိန်းပေါင်း နှစ်သောင်းကျော် ဒဏ်ငွေရိုက်လိုက်သည်။
အဆိုပါ အဆောက်အဦ ဆောက်လုပ်ခွင့်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလက အတည်ပြုပေးခဲ့ပြီး၊ အဆောက်အဦတွင် မြေအောက်ထပ် ၂ ထပ်၊ အပေါ်အထပ် ၂၀ နှင့် လေသာဆောင် ၁ ထပ်တို့ကို ခွင့်ပြုခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လ မကုန်မီမှာ အပ်နှံခဲ့တဲ့အခါမှာ မြေအောက် ၁ ထပ်နှင့် အပေါ် ၂၃ ထပ် ကို သတ်မှတ်ထားသည့် အမြင့်အတိုင်း ဝင်အောင် ဆောက်လုပ်ထားခဲ့သည်။
အထပ်နှစ်ထပ် အပိုဆောက်ခုပ်ခဲ့သဖြင့် နဂိုမူလက သတ်မှတ်ထားသည့် အခန်းအကျယ်များ အတိုင်းမရတော့ပဲ လျော့ချဆောက်လုပ်ခဲ့သည့်အတွက် ဒဏ်ငွေ မြန်မာကျပ် ၂ ဘီလီယံ ရိုက်ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ အကြီးအကဲဖြစ်တဲ့ ဦးသန်းဌေးက ပြောကြားခဲ့သည်။
Ref:ဧရာဝတီ