1. Home
  2. Myanmar News

စင်ကာပူထီထိုးခြင်းသည် လောင်းကစားဥပဒေနှင့်ငြိစွန်း

Myanmar News ก.ย. 26, 2559 view 1,741
ပထဆု စင်ကာပူဒေါ်လာ မီလီယံနဲ့ချီပြီး ရရှိမည့် စင်ကာပူထီထိုးခြင်း အလေ့အထ မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်အနည်းငယ်က စတင်၍ ပြည်သူများအကြား ခေတ်စားလာခဲ့သည်။ အဆိုပါ စင်ကာပူထီကို မြန်မာနိုင်ငံတွင် အသိမှတ်မပြုထားသည့်အတွက် ထိုးသူများအနေနှင့် လောင်းကစားဥပဒေနှင့် ငြိစွန်းကြောင်း သိရှိရသည်။ ထို့ပြင် ထီပေါက်ခဲ့ပါက ရရှိလာသော ငွေကြေးမှာလည်း ငွေကြေးခဝါချခြင်း အက်ဥပဒေနှင့်လည်း ငြိစွန်းမည်ဖြစ်ကြောင်း သိရှိရသည်။
စင်ကာပူထီနဲ့ပတ်သက်လို့က ပြောရမယ်ဆိုရင် နိုင်ငံတော်က ၁၉၈၆ ခုနှစ် လောင်းကစားဥပဒေကို ပြဋ္ဌာန်းခဲ့ တယ်။ အဲဒီဥပဒေအရ နိုင်ငံတော်က ခွင့်ပြုတဲ့ အောင်ဘာလေထီကိုပဲ တရားဝင်ခွင့်ပြုထားပါတယ်။ ကျန်တာတွေကတော့ အကျုံးမဝင်တဲ့ လောင်းကစားလို့ သတ်မှတ်ထားပါတယ်။ စင်ကာပူထီရောင်း တယ်ဆိုတာက တရားမဝင်ပါဘူး။ အလားတူနှစ်လုံး၊ သုံးလုံးတွေကလည်း တရားမဝင်ပါဘူး
ဟု အောင်ဘာလေထီသိန်း ဆုဌာနခွဲ၏ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောသည်။
 
စင်ကာပူထီနှင့် အောင်ဘာလေထီ မှာ ဆုကြေးပမာဏ ကွာခြားသကဲ့သို့ အောင်ဘာလေထီတစ်စောင်ကို မြန်မာငွေ ၂၀၀ ကျပ်သာ ကျသင့်ချိန်တွင် စင်ကာပူထီမှာ ၄၀၀၀ ကျပ်လောက်ထိရှိပြီး ထီပေါက်ခဲ့ပါကလည်း လက်မှတ်မှာ အတုလား၊ အစစ်လား ခွဲဖို့ခက်တယ်လို့ ဆက်လက်ပြောခဲ့ပါတယ်။ 
အောင်ဘာလေထီဥပဒေ အဆင့်မြှင့်တင်ဖို့နဲ့ ပက်သက်၍ လွှတ်တော်တွေင် တင်ပြထားခြင်းများ ရှိသော်လည်း အတည်ပြုချက်မရသေးပါ၊ နောက်ပိုင်းတွင် ဥပဒေပြုနိုင်ခဲ့ပါက ပြည်သူများ လွယ်ကူစွာ ဝယ်ယူနိုင်မည့် အီးလော်ထရီစနစ် သို့ ပြောင်းလဲ ကျင့်သုံးသွားမည်ဟု သတင်းရရှိသည်။
 
အဆိုပါ အောင်ဘာလေထီ ဥပဒေသစ်တွင် ဈေးနှုန်းတင်ရောင်းချမှုများကို ထိထိရောက်ရောက် အရေးယူနိုင်မည့် ပြစ်မှု ပြစ်ဒဏ်များလည်း ထည့်သွင်း၍ တင်ပြထားကြောင်း သိရှိရသည်။
 
Ref:NewsWatch
 


Follow us on