1. Home
  2. Movie Stars - Celebrity

Meek Mill နဲ့ လမ်းခွဲလိုက်ပြီလို့ ကြေငြာလိုက်တဲ့ Nicki Minaj

Movie Stars - Celebrity ก.ย. 26, 2559 view 1,736
မကြာသေးမီက Nicki Minaj နဲ့ rapper The Game တို့ရဲ့ ချစ်ရည်လူးနေတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းပေါ် ပေါက်ကြားခဲ့ပြီးနောက်မှာ ချစ်သူသက်တမ်း နှစ်နှစ်တာကာလမျှ လက်တွဲလာခဲ့တဲ့ Meek Mill နဲ့ Nicki Minaj တို့နှစ်ဦးလုံးကိုယ်စီက လမ်းခွဲလိုက်ပြီလို့ ကြေငြာခဲ့ပါတယ်။
 
 
Meek Mill နဲ့ ချစ်သူဖြစ်နေရင်းနဲ့ The Game နဲ့ပါ ထဲထဲဝင်ဝင် ပက်သက်ခဲ့တဲ့ Nicki Minaj ဖြစ်ပါတယ်။ Meek Mill နဲ့ The Game က ဆိုရှယ်မီဒီယာပေါ်မှာ Nicki နဲ့ ပက်သက်ပြီး အပြန်လှန်ပြောဆို ပြဿနာတွေ တက်ခဲ့ပါတယ်။
 
Nicki Minaj ကတော့ ခပ်အေးအေးပါပဲ၊ Meek Mill နဲ့ လမ်းခွဲပြီး The Game ကိုလည်း အဖက်မလုပ်ပဲ ဆိုရှယ်မီဒီယာမှာ သူမရဲ့  စတေးတပ်ကို ’Single’ လို့ ပြန်ပြောင်းထားခဲ့ပါတယ်။ ‘Single’ ဆိုတဲ့ သူ့မရဲ့  စတေးတပ်ကြောင့် ပရိဿတ်တွေက သဲသဲလှုပ် ပြန်ဖြစ်လာခဲ့ပါတယ်။
 
 
တစ်ပြိုင်တည်းမှာပဲ သူမရဲ့ ရည်းစားဟောင်း Meek Mill ရဲ့ Instagram မှာတော့ သူကို unfollow တွေ အများကြီးရှိလာပါတယ်။
 
 


Follow us on