1. Home
  2. Myanmar News

လေးကြိမ်ထက်မနည်း ဒဏ်ရိုက်ခံထားရသော ကုန်သွယ်ခွန်တံဆိပ်ခေါင်းမကပ်သည့် စားသောက်ဆိုင်များစာရင်း အများပြည်သူသိစေရန်ကြေညာမည်

Myanmar News ก.ย. 28, 2559 view 1,781
စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများ၏ ငွေရှင်းပြေစာတွင် ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းကပ်ရန် ညွှန်ကြားချက် ဥပဒေများ ထုတ်ပြန်ခဲ့ပြီး ၂၀၁၅ ခုနှစ် မေလမှ စတင်ကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ကုန်သွယ်ခွန်လုပ်ငန်း ဥပဒေတွင် လိုက်နာခြင်းမရှိပါက တစ်ကြိမ်ပျက်ကွက်လျှင် ကျပ် နှစ်သိန်း၊ နှစ်ကြိမ်ပျက်ကွက်ပါက ကျပ်ငါးသိန်း၊ သုံးကြိမ်ပျက်ကွက်ပါက ကျပ်ခုနစ်သိန်းနှင့် သုံးကြိမ်နှင့်အထက် ပျက်ကွက်ပါက ကျပ် ၁၀ သိန်းအထိ ဒဏ်ရိုက် နိုင်ကြောင်း သိရှိရသည်။
 
၂၀၁၆ ခုနှစ် ဧပြီလမှ စက်တင်ဘာ လလယ်ထိ ငါးလကျော်ကာလအတွင်း အခွန်ပြေစာတွင် တံဆိပ်မကပ်သည့် စားသောက်ဆိုင် ၂၀၆ ဆိုင်မှ ဒဏ်ကြေး ကျပ် ၃၁ သန်းရရှိထားသည်။ အကြိမ်ကြိမ်ဒဏ်ရိုက်ခြင်းခံရသော်လည်း ကျသင့်ပြေစာတွင် ကုန်သွယ်လုပ်ငန်းခွန်အတိုင်း တံဆိပ်ခေါင်း အပြည့်အဝမကပ်ခြင်းနှင့် ငွေရှင်းပြေစာတွင် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံထားသော်လည်း အခွန်တံဆိပ် လုံးဝမကပ်သည့် စားသောက်ဆိုင်များ ရှိနေသောကြောင့်ဟု ပြည်တွင်းအခွန်များဦးစီး ဌာနမှ သိရသည်။
 
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေရှင်းပြေစာများတွင် ကုန်သွယ်လုပ်ငန်းခွန်တံဆိပ်ခေါင်း ကပ်ရန် ညွှန်ကြားထားသော်လည်း မလိုက်နာဘဲ ဒဏ်ကြေးလေးကြိမ် နှင့်အထက် ပေးဆောင်ထားရသည့် စားသောက်ဆိုင်များ စာရင်းကို အများပြည်သူသိရှိစေရန် ထုတ်ပြန် ကြေညာသွားမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။
 
Ref:7dayDaily


Follow us on