1. Home
  2. Movie Stars - Celebrity

လွန်ခဲ့တဲ့ ၉ နှစ်က အသက်ကိုကယ်ခဲ့တဲ့ သူနဲ့ သက်မွန်ကငြင်းတယ်ဆိုတာနဲ့ ပတ်သတ်ပြီး ရင်ဖွင့်လိုက်တဲ့ သက်မွန်မြင့်

Movie Stars - Celebrity ก.ย. 28, 2559 view 1,697

သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့် ဟာလွန်ခဲ့တဲ့ ၉နှစ်က သူမရဲ့ အသက်သခင်ကျေးဇူးရှင်ကို ထုတ်ပြောလိုက်ပါပြီ။ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ် ရုပ်ရှင်ကားလေးရိုက်ကူးရင်း ဖြစ်ခဲ့တာလဲ ဖြစ်ပါတယ်။ ဒီကားလေးဟာ ပရိတ်သတ်အားလုံး ရင်ထဲကို ရောက်ရှိခဲ့တဲ့ ကားလေးလဲ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ လှေပေါ် ဓါတ်ပုံရိုက်ရင်း ရေထဲပြုတ်ကျတဲ့ အခန်းမှာ ၀ါးနှစ်ပြန် နက်တဲ့ ဆည်ကန်အလယ်တည့်တည့် ကို ပြုတ်ကျခဲ့တာပါ ။ သက်မွန်ဟာ ရေလဲ မကူးတက်ခဲ့ပါ ဘူး အဖွဲ့သားတွေကလဲ ကမ်းစပ်မှာ ဆိုတော့ အလှမ်းဝေးလှပါတယ် ထိုအချိန်မှာ လှေထဲအတူပါလာတဲ့ ဇာတ်ပို့ သရုပ်ဆောင် ကိုဆင်မ တစ်ယောက်သာ ရေကူးတက်ပြီး သက်မွန်ကို ကော မင်းသား ကိုကော ကယ်ခဲ့တာလဲ ဖြစ်ပါတယ်။ ကိုဆင်မ ကို ကျေးဇူးတင်လို့ မဆုံးတော့ပါဘူး သူကယ်လို့ ကျွန်မခုထိ လူ့လောက ထဲရှိနေတာပါလို့လဲ ပြောသွားပါတယ်။ လက်တလောပေါ်ပေါ်က်နေတဲ့ သက်မွန်က ငြင်းတယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဘ၀ မှာ အလုပ်လက်ခံပြီး ငြင်းတာဆိုလို့ နှင်းဆီပါမောင် ပဲ ရှိပါတယ်။ ဘယ်လိုမှ ကိုယ့်ပုံစံမဟုတ်နေဘူးဆိုပြီး မတတ်နိုင်လို့ ညှိမရလို့ လက်လွှတ်လိုက်ရတာပါ။ ခု မီဒီယာတွေ ရေးနေကြတာ လွန်ခဲ့တဲ့ ၉ နှစ်က အကြောင်းကို ငြင်းတယ်ဆိုပြီး ရေးနေကြတာဖြစ်ပါတယ်လို့လဲ ပြောထားပါတယ်။

Credit: Oasis 



Follow us on