1. Home
  2. Myanmar News

Samsung အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင် ဆိုင်းဘုတ်ပြုတ်ကျ

Myanmar News ก.ย. 28, 2559 view 1,621
စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည်အချိန်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း အလယ်ဘလောက်ရှိ Hotel K မြေညီထပ်တွင် ဖွင့်လှစ်ထားသော ဆမ်ဆောင်း အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင်မှ ပေး ၄၀ ခန့်ရှိသော ဆိုင်းဘုတ်ကြီးပြုတ်ကျမှု ဖြစ်ခဲ့သည်။ လူသွားလူလာ မပြတ်သော အဆိုပါနေရာမျိုးတွင် ဆိုင်းဘုတ်အတွဲလိုက် ပြုတ်ကျမှု ဖြစ်ခဲ့သော်လည်း ကံအားလျော်စွာဖြင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သတင်းရရှိသည်။
 
 
 
Source:NewsWatch


Follow us on