1. Home
  2. Special or Others

ပုသိမ်မြို့တွင် လူနှင့် တူသော ဝက်သေတစ်ကောင်မွေး

Special or Others ก.ย. 28, 2559 view 1,685
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက်၊ အောင်ချမ်းသာ (၅)လမ်းထိပ်ရှိဒေါ်ကရင်မ၏ နေအိမ် တွင် မွေးမြူထားသော ဝက်မကြီးတစ်ကောင်မှ လူနှင့်တူသော ဝက်သေလေးတစ်ကောင်ကို စက်တင်ဘာလ၂၆ရက်၊ ည ၁၁ နာရီခန့်တွင် မွေးခဲ့ကြောင်းသိရှိရသည်။ 
ဒေါ်ကရင်မအိမ်တွင် မွေးမြူထားသော ဝက်မကြီးမှ ဝက်သားပေါက်၁၁ကောင်မွေးဖွားရာတွင် ဝက် အသေနှစ်ကောင်ပါဝင်ခဲ့ပြီး တစ်ကောင်မှာလူခန္ဓာကိုယ်ပုံသဏ္ဍန်နှင့် တူညီသောကိုယ်လက်အင်္ဂါများ ရှိခဲ့ကြောင်းရပ်ကွက်နေထိုင်သူများထံမှ သိရသည်။လူပုံသဏ္ဍာန်မွေးခဲ့သော ဝက်ပေါက်ကလေး၏ ခန္ဓာကိုယ်တွင် အမွေးအမြင်မပါဘဲအရေပြားမှာလည်း လူအရေပြားကဲ့သို့ဖြစ်နေပြီးဦးခေါင်းသည်လည်းလူဦးခေါင်းဖြင့်တူနေကာ ဝက်လက်၊ ခြေထောက်များနှင့် နားရွက်တစ်ဖက်ပါရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
 
 
ဝက်တွေက မွေးကတည်းက အမွေးပါတဲ့အကောင်တွေချည်းပဲရှိတယ်။ ဝက်အသေမွေးတာတွေ အများကြီးရှိတယ်။ ဝက်ခြောက်အသေလေးတွေကို မွေးတာကို လည်းတွေ့ဖူးတယ်။ ဒါပေမယ့် ဒီလိုမျိုးမွေးတာကိုတော့ ဦးလေးဝက်မွေးလာတာကြာပြီ တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးသေးဘူး။”ဟုအောင်ချမ်းသာရပ်ကွက်မှ အသက် ၆၅ နှစ်အရွယ် ဦးဂွတိုကပြောသည်။ထူးဆန်းသော ဝက်ပေါက်ကလေးအား ပထမတွင် တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးထံပို့ကာ မျိုးရိုးဗီဇစစ်ဆေးရန် ကြိုးစားခဲ့သော်လည်းနောက်ပိုင်းတွင် ကုန်ကျစရိတ်ထပ်မံမသုံးလိုတော့ခြင်း၊ သွားလာရေးခက်ခဲမှုများကြောင့် အိမ်အနီးအနားတွင် မြေမြုပ်ခဲ့ကြောင်း အိမ်ပိုင်ရှင်ဖြစ်သူဒေါ်ကရင်မထံမှ သိရသည်။
 
Credit:ရတနာပုံသတင်းစာ


Follow us on