1. Home
  2. Myanmar News

မှုခင်းပညာပေး ပြခန်းယာဉ်ဖြင့် မှုခင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

Myanmar News ก.ย. 28, 2559 view 1,779
၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီ အချိန်ထိ ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှ မှုခင်းပညာပေး ပြခန်းယာဉ်သည် အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ သံသုမာလမ်းရှိ အခြေခံပညာအထက်တန်း ကျောင်းများရှေ့၌ ပညာပေးပြသဆောင်ရွက်ခဲ့ရာ ပြည်သူ(၁၂၀)ဦးခန့်နှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်း သူ စုစုပေါင်း(၈၃၅) ဦးခန့် လာရောက်လေ့လာခဲ့ကြပါသည်။
 
 
 
မှုခင်းပညာပေးပြခန်းယာဉ်သို့ လာရောက်လေ့လာသူများအား လူကုန်ကူးမှု အန္တရာယ်၊ မူးယစ်ဆေးဝါး အန္တရာယ်၊ ယာဉ်အန္တရာယ်များကင်းဝေးစေရေးနှင့် မှုခင်းဆိုင်ရာအသိပညာအမြင်များရရှိစေရေးအတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းဖြေကြားပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်းတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။


Follow us on