1. Home
  2. Myanmar News

အင်းဝအပ်ချုပ်ဆိုင် နှိပ်စက်ညှင်းပန်းမှု အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦး လာရောက်အဖမ်းခံ

Myanmar News ก.ย. 29, 2559 view 1,546
ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာ များမပေးခဲ့သည့်ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်ပြီး တိမ်းရှောင်နေသူတစ်ဦး စက်တင်ဘာလ ၂၈ ရက်နေ့တွင် လာရောက်အဖမ်းခံခဲ့ကြောင်း ရန်ကုန်တိုင်းရဲဌါနမှ သတင်းထုတ်ပြန်ခဲ့သည်။
 
အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတား မြို့မရဲစခန်း(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၉/၂၄/ ၃၂၊ (ပ)၂၀၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆/၃၂၅/၃၄၄/၁၁၄ နှင့် ရဲအရေးမပိုင်မှုအမှတ်စဉ်(၄၀/၂၀၁၆)၊ ကလေးသူငယ်ဥပဒေပုဒ်မ-၆၆(ဃ) တို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသော အမှုများမှ တိမ်းရှောင်နေသူ မသီရိလတ်၊ (၃၄)နှစ်မှာ ၂၈.၉.၂၀၁၆ ရက်နေ့ ည ၉ နာရီ အချိန်တွင် ကျောက်တံတားမြို့မရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့သဖြင့် အရေးယူဆောင်ရွက်ရန် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
Ref:YangonPolice


Follow us on