1. Home
  2. Movie Stars - Celebrity

အဝတ်ဗလာနဲ့ ဓာတ်ပုံရိုက်ပြီး Hillary Clinton ကို မဲပေးဖို့ တိုက်တွန်းခဲ့တဲ့ Madonna

Movie Stars - Celebrity ก.ย. 29, 2559 view 1,583

Katy Perry ရဲ့ အဝတ်ဗလာနဲ့ Hillary Clinton ကို မဲပေးဖို့ တိုက်တွန်းတဲ့ ဗီဒီယိုထွက်လာပြီး မကြာခင်မှာပဲ နာမည်ကျော် ပေါ့ပ်အဆိုတော်ကြီး Madonna ကလဲ သူ့ရဲ့ အဝတ်ဗလာနဲ့ပုံကို Facebook မှာ တင်ပြီး Hillary Clinton ကို မဲပေးကြဖို့ တိုက်တွန်း သွားခဲ့ပါတယ်။

အသက် ၅၈ နှစ်အရွယ် Madonna ဟာ သူမရဲ့ အနုပညာ သက်တမ်း တစ်လျှောက် အဝတ်ဗလာနဲ့ ဓာတ်ပုံ ရိုက်ခဲ့တယ်ဆိုတာ သိပ်ကို ရှားပါး လွန်းလှပါတယ်။

သူမရဲ့ facebook အကောင့်မှာ “ Hillary Clinton အတွက် ရှင်သန်နေမယ်။ အမျိုးသမီးတွေရဲ့ တန်းတူညီမျှမှုနဲ့ ဉာဏ်ပညာအတွက် မဲပေးမယ်" ဆိုတဲ့ စာသားနဲ့ သူမရဲ့ အပေါ်ပိုင်း အဝတ်ဗလာ ဓာတ်ပုံကို တင်သွားခဲ့တာပါ။

အမေရိကန် လူငယ်များအား မဲပေးရန် ဝတ်လစ်စလစ်ဖြင့် ဗီဒီယိုရိုက်ကူးခဲ့တဲ့  Katy Perry ကိုလည်း ထောက်ခံပြီး သူမနဲ့ တသဘောတည်း ရှိနေကြောင်းကိုလည်း Madonna ရေးသားသွားခဲ့ ပါသေး တယ်။

Credit:The voice



Follow us on