
အောက်တိုဘာ 23 ရက်နေ့မှာ မင်္ဂလာသက်တမ်း 13 နှစ်ပြည့်တော့မှာ ဖြစ်တဲ့ အဆိုတော် Rဇာနည် နဲ့ ၀မ်းတို့ ဇနီးမောင်နှံဟာ ဖစ်ဖစ်တုန် လို့ခေါ်တဲ့ ချစ်စရာ သားယောက်င်္ကျားလေးကို ပိုင်ဆိုင်ထားတဲ့ ပျော်ရွှင်အောင်မြင်နေတဲ့ မိသားစု တခုလဲ ဖြစ်ပါတယ်။
သူငယ်ချင်း အဖြစ် 3 နှစ် ရည်းစား အဖြစ် 3 နှစ် ကြာမှ လူငယ် သဘာဝ ခိုးပြေးခဲ့ကြတာလဲ ဖြစ်ပါတယ်။ ခိုးပြေးပြီး ဘ၀ကို တစ်နှစ်အတူ ကြိုးစားရုံးကန်ခဲ့ရတဲ့ အတွက် မင်္ဂလာ ကြီးကြီးမားမားလဲ မဆောင်ဲ့ ဖြစ်ပဲ ဘုန်းကြီးကျောင်းမှာပဲ ဆွမ်းကျွေး လက်မှတ်ထိုးပွဲလေးလဲ လုပ်ဖြစ်ခဲ့ပါတယ်လို့ ပြောပြထားပါတယ် ။ မင်္ဂလာ နှစ်ပတ်လည်တွေ လုပ်မယ်လို့ ကြံလိုက်တိုင်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်မအားတာနဲ့ပဲ မလုပ်ဖြစ်ခဲ့ပါဘူး ။

သူများ “ မင်္ဂလာဆောင်တွေ တက်တာ အားကျမှန်းသိတော့ ယောက်င်္ကျားကလဲ 10 နှစ်ပြည့် ကြရင် လုပ်မယ်လို့ ပြောခဲ့ကြပါတယ် 10 နှစ်ပြည့်တဲ့ အချိန်မှာလဲ နိုင်ငံခြားမှာ သီချင်းသွားဆိုဖို့ ဖြစ်လာတယ် 11 နှစ်ကြည့်တဲ့ အခါကြတော့လဲ ခရီးထွက်နေကြတာနဲ့ မလုပ်ဖြစ်ခဲ့ကြပါဘူး ခု ထပ်ပြီး 15 ကြလုပ်မယ်ပြောထားပြီး ဒီနှစ်13 နှစ်ပြည့်မှာပါ “ လို့ဝမ်းကပြောသွားခဲ့ပါတယ်။ တကယ့်မ၈င်္လာဆောင်လို ပြန်လုပ်ချင်တယ် ထိုင်မသိမ်းနဲ့ ပြန်ဆောင်ရင်ကောင်းမလား ပုံမှန်ရိုးရိုးလေးလေး အမှတ်တရ Dinner လေးပဲ လုပ်ရင်ကောင်းမလား ဆိုတာကိုတော့ Confirm မဖြစ်သေးပါဘူး လို့ လဲြေ့ပာထားပါတယ်။
အချစ်တွေနဲ့ တည်ဆောင်ခဲ့တဲ့ သူတို့ နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက်သည်းခံပြီး တစ်ကိုယ်ကောင်းမဆန်တဲ့ စိတ်တွေကြော်င့ အခု ချိန်ထိ ပျော်ရွှင်နေ ကြတာပါလို့ လဲ ပြောထားပါတယ်။ “ ဘာပဲ ဖြစ်ဖြစ် 13 နှစ်မှာ 13 နှစ်အထိ ရောက်လာအောင် အတူနေပေတဲ့ ယောက်င်္ကျားကို ကျေးဇူးတင်ပါတယ်လို့ “ ပြောထားပါသေးတယ် ။

Credit:Shape Journal
comment