1. Home
  2. Special or Others

Facebook က သင့်ရဲ့အကြောင်းတွေကို သင့်ချစ်သူထက် ပိုသိနေနိုင်

Special or Others ก.ย. 30, 2559 view 1,579
Facebook မှာ သင်ရိုက်ထည့်လိုက်သော အကြောင်းအရာမှန်သမျှကို သိမ်းဆည်းထားပြီး အဆိုပါအချက်လက်တွေကို ဆိုက်ရဲ့ ကြော်ငြာတွေက လမ်းကြောင်းလိုက် အသုံးပြုပြီး အွန်လိုင်းဈေးကွက် ရှာဖွေမှုတွေမှာ အောင်အောင်မြင်မြင် အသုံးချနေကြပါတယ်။ 
အဆိုပါနည်းစနစ်ကို ဖော်ဆောင်တီထွင်ထားတဲ့ ဖေ့စ်ဘုတ်ရဲ့ အောင်မြင်မှုက အလွန်ကြီးမားပါတယ်၊ ဒါပေမယ့် သူတို့က ဒီကိစ္စတွေကို လူသိမခံချင်ပါဘူး။ ဒါတင်မကသေးပဲ အခြားနေရာ​တွေကပါ အချက်လက်တွေ စုဆောင်းနိုင်အောင်လည်း စီစဉ်ထားပါသေးတယ်။ သူတို့စောင့်ကြည့်တဲ့ ပုံစံက ဥပမာအားဖြင့် လူတစ်ယောက်က ဘယ်လိုအကြောင်းအရာတွေကို Like လုပ်လေ့ရှိလဲဆိုတာကို စုဆောင်းထားတဲ့ အချက်လက်တွေပေါ်ကို မူတည်ပြီး ဒီပုဂ္ဂိုလ်က ဘယ်လို ရုပ်ရှင်ကားမျိုးကို သဘောကျတတ်တယ် ဆိုတာမျိုးကို ဆုံးဖြတ်ပြီး သက်ဆိုင်တဲ့ ကြော်ငြာတွေကို အဲဒီလူထံ ပို့ပေးနိုင်ပါတယ်။
 
ဓါတ်ပုံတွေရဲ့ တည်နေရာတွေမှာ တက်ခ်ချိပ်တာမျိုး၊ နှစ်သက်တဲ့ သီးချင်းတွေ၊ ရုပ်ရှင်တွေကို ပရိုဖိုင်းထဲမှာ ဖော်ပြထားတာမျိုး၊ နိုင်ငံရေးနဲ့ ဒါမှမဟုတ် အကြောင်းအရာတွေမှာ ထင်မြင်ချက် ကွန်မန့်တွေ ဝင်ရေးတာမျိုးတွေ၊ ကိုယ့်ရဲ့ ဆွေမျိုးတော်စပ် ပက်သက်မှုတွေ (relationship status) ပြင်တာတွေကအစ မှတ်တမ်းတင်ထားတာကြောင့် အဲ့ဒီလူနဲ့ပက်သက်တဲ့ ကိစ္စတွေမှန်သမျှကို ပို၍ ပို၍ သိသွားပါတယ်။
 
မှတ်တမ်းတင်သွားတဲ့ အကြောင်းအရာတွေအားလုံးက Facebook သုံးတာတစ်ခုထဲကနေသွားတာမျိုးမဟုတ်ပါဘူး။ ဝဘ်ဆိုက်တိုင်းနီးပါးမှာ ချိပ်ထားတဲ့ Like ခလုတ်တွေကနေလည်း အဲဒီလူ ဘာအကြောင်းရာတွေကို ကြည့်နေ ဖတ်နေလဲဆိုတာကို ထောက်လှမ်းနိုင်ပါတယ်။ Instagram လို WhatsApp လို applications တွေကလည်း Facebook ကိုအချက်လက်တွေ ထည့်ပေးနေတာကြောင့် မိမိအကြောင်းကို လူသိမခံချင်သူတစ်ယောက်အနေနဲ့ Facebook မသုံးရင်တော့ ကိုယ့်အကြောင်း သိနိုင်မှာမဟုတ်ဘူးလို့ ယူဆနိုင်လိမ့်မည်မဟုတ်ပါ။
ကိုယ်နဲ့သက်ဆိုင်တဲ့ အချို့အချက်လက်တွေက Facebook ကို မသုံးသော်လည်း ကုမ္ပဏီတွေက အချက်လက်တွေ လိုက်ဝယ်တဲ့အတွက် သိသွားတာတွေလည်း ရှိပါတယ်။ ဥပမာ ပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေ၊ အချက်လက်ရောင်းစားတတ်တဲ့ နေရာတွေကနေ ဈေးဝယ်မိတာတွေကလည်း မိမိရဲ့ အချက်လက်တွေကို ရသွားစေပါတယ်။ ဆိုလိုသည့်သဘောမှာ Facebook ကို မသုံးသူဖြစ်သော်ငြားလည်း မိမိရဲ့ အချက်လက်တွေအများကြီး ရနှင့်ပြီး ဖြစ်တတ်ပါတယ်။ 
 
အထက်ပါအကြောင်းများကြောင့် ProPublic က သုံးစွဲသူတွေ အတွက် Facebook က မိမိအကြောင်း ဘာတွေသိထားလည်းဆိုတာကို ကြည့်ရှုနိုင်မည့် Crome browser Extension တစ်ခုကို တီထွင်ထုတ်လုပ်ပေးလိုက်ပါတယ်။ အဆိုပါ plug-in ကို Crome Web Browser တွင် ထည့်သွင်းကာ အသုံးပြုနိုင်ပါတယ်။ အဆိုပါ Crome extension သုံးပြီး Facebook က ကိုယ့်ရဲ့အကြောင်း ဘာတွေသိထားလည်း ဆိုတာ စမ်းစစ်ကြည့်ပါ။
 
 
ကိုယ်မထင်မှတ်ထားတာတွေတောင် သူက သိနေနိုင်ပါတယ်၊ အချို့သူများဆိုရင် သူတို့ရဲ့ အိမ်အရွယ်အစား၊ အကြွေးဝယ်ကာဒ် ဘယ်နှစ်ခု ရှိတယ်ဆိုတာကအစ သေးစိတ်တွေ့ရလို့ ကြောက်သလိုလိုတောင် ဖြစ်သွားတတ်ကြပါတယ်။
 
အင်တာနက်ကို အသုံးပြုတတ်ပါက သင်ယူစရာများ၊ ဗဟုသုတများနှင့် စိတ်အပမ်းပြေစရာများ တိုးပွားနိုင်သော်လည်း အသိ သတိရှိရှိဖြင့် အသုံးပြုတတ်စေရန် ထိန်းသိမ်းဖို့ လိုအပ်နေပြီဖြစ်ပါသည်။


Follow us on