1. Home
  2. Movie Stars - Celebrity

Instagram မှာ Follower သန်း ၁၀၀ ပထမဆုံးရရှိသွားတဲ့ Selena Gomez

Movie Stars - Celebrity ก.ย. 30, 2559 view 1,523

အမေရိကန် အဆိုတော်၊ သရုပ်ဆောင်  Selena Gomez ဟာ အင်စတာဂရမ်ပေါ်မှာ ပထမဆုံး follower အများဆုံး ရရှိသူဖြစ်လာခဲ့ပါတယ်။ သူမရဲ့ အင်စတာဂရမ်အကောင့်ကို follow ပြုလုပ်သူအရေအတွက်ဟာ စက်တင်ဘာနောက်ဆုံးရက်သတ္တပတ်မှာပဲ သန်း ၁၀၀ ကျော်လွန်သွားခဲ့ပါပြီ။ Follower သန်း ၁၀၀ အထိ ရလာပေမဲ့ သူမရဲ့အကောင့်ပေါ်မှာ ပို့စ်ပေါင်း ၁၂၃၉ ခုသာ တင်ထားခဲ့တာပါ။ သြဂုတ်လနောက်ပိုင်းမှာလည်း ပို့စ်အသစ် ထပ်မတင်ဖြစ်ခဲ့ပါဘူး။

Selena ဟာ Lupas လို့ခေါ်တဲ့ မိမိရဲ့ကိုယ်ခံအားစနစ်က မိမိကိုယ်ကိုယ်ပြန်တိုက်ခိုက်တဲ့ ရောဂါကြောင့် လက်ရှိမှာ အနုပညာအလုပ်တွေကို နားထားရပါတယ်။ အင်စတာဂရမ်ပေါ်မှာ အင်စတာဂရမ်ပေါ်မှာ Selena က follower ပေါင်း သန်း ၁၀၀ ရရှိထားသလို သူမရဲ့ အခင်ဆုံးသူငယ်ချင်း Taylor Swift က follower 91.5 သန်း၊ Beyonce က follower 85.4 သန်း၊ Kim Kardashian က follower 83.7 သန်းစီ ပိုင်ဆိုင်ထားကြပါတယ်။

Credit:Duwun



Follow us on