1. Home
  2. Special or Others

ဇနီးသည်၏ နာရေးအပြီးတွင် ထိုးဖြစ်ခဲ့သောထီမှ ပထမဆု အတွဲလိုက်ပေါက်

Special or Others ต.ค. 03, 2559 view 1,688
ထိုင်းနိုင်ငံ ကလစင်မြို့နယ်တွင် ကင်ဆာရောဂါနဲ့ သေဆုံးခဲ့သူ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ခင်းပွန်းဖြစ်သူသည် ၂၀၁၆ ခုနှစ် အောက်တာဘာလ ၁ ရက်နေ့မှာ ထွက်ခဲ့သော ထိုင်းအစိုးရထီ ပထမဆုကို အတွဲလိုက် ပေါက်သွားခဲ့ပြီး ထိုင်းဘတ်ငွေ ၁၂ သန်း (ကျပ်သိန်းပေါင်း ၃၆၀၀) ရရှိသွားပါတယ်။
 
သေဆုံးသူရဲ့ ခင်ပွန်းနဲ့အတူ ထီထိုးခဲ့ကြသော ဆွေမျိုးမိတ်ဆွေများလည်း အသီသီး ထီဆုများ ပြိုင်တူပေါက်ခဲ့ကြပါတယ်။ ဇနီးသည်ရဲ့ အသုဘပွဲကနေ အပြန်တွင် ခင်ပွန်းဖြစ်သူက ဇနီးသည် နာမကျန်းဖြစ်စဉ်က ကုန်ကျစရိတ်များနှင့် အသုဘအတွက် ကုန်ကျစရိတ်များကို ရှင်းပေးရန် ဘဏ်တွင် ငွေဝင်ထုတ်ခဲ့ပါတယ်။ အဲဒီနောက် ဘဏ်ရှေ့တွင် ဖွင့်ထားသော ထီဆိုင်တွင် ထီဝင်ထိုးခဲ့ပြီး ယခုလို ပထမဆု ပေါက်ခဲ့တာဖြစ်ပါတယ်။ 
 
 
သူနှင့်အတူတူ တစ်ဆိုင်ထဲမှာ ဝင်ရောက်ထီထိုးခဲ့သော ဆွေမျိုးများလည်း ထူဆန်းစွာ ပြိုင်တူထိပေါက်ခဲ့ခြင်းဖြစ်ပါသည်။ သေဆုံးသူအမျိုးသမီးတွင် အသက် ၆ နှစ်နှင့် ၄ နှစ်အရွယ် သားသမီးနှစ်ဦး ကျန်ခဲ့သည်။
 


Follow us on