1. Home
  2. Myanmar News

ရွှေတိဂုံစေတီ အနီးဝန်းကျင် မောင်းသူမဲ့ ဒရုန်လေယာဉ် လွှတ်တင်မှု ဥပဒေဖြင့်တားမြစ်

Myanmar News ต.ค. 03, 2559 view 1,613
မောင်းသူမဲ့ ဒရုန်းလေယာဉ်ငယ်များသည် လုံခြုံရေးဆိုင်ရာ ထိခိုက်စေနိုင်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်ရာတွင် အထောက်အကူပြုနိုင်သည့်အတွက် မြန်မာနိုင်ငံ၏ အထွဋ်အမြတ်ထားရာ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားသော ရွှေတဂုံစေတီတော် အနီးပတ်ဝန်းကျင်တွင် ဒရုန်းလေယာဉ် လွှတ်တင်ခြင်းကို ဥပဒေဖြင့် တားမြစ်ထားကြောင်း ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ရုံးမှ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရွှေတိဂုံဘုရားတောင်ဘက်ရှိ ရှေးဟောင်းဓမ္မာရုံတွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ပြီး အသိပေးပြောကြားခဲ့သည်။ 
 
 
ရာဇသတ်ကြီး ဥပဒေပုဒ်မ (၁၈၈) အရ ထောင်ဒဏ် ၁ နှစ်နှင့် ငွေဒဏ် တို့ကို ကျခံရနိုင်ပါတယ်။ အဆိုပါ ဥပဒေကို ကျူးလွန်သူ၊ ကျူးလွန်ရန်အားထုတ်သူ၊ အားပေးကူညီသူများကို အဆိုပါ ပြစ်ဒဏ်များအတိုင်း အပြစ်ပေးမည်ဖြစ်ပြီး သက်သေခံပစ္စည်းများကိုလည်း ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
Ref:MyanmarMedia7


Follow us on