1. Home
  2. Myanmar News

နေပြည်တော် ပြည်သူ့လွှတ်တော် အဆောက်ဦအတွင်း ဝန်ထမ်းချင်း ဓားထိုးမှုဖြစ်ပွား

Myanmar News ต.ค. 05, 2559 view 1,538
၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၅ ရက် (ယနေ့) နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်တွင် ဓားထိုးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရဲဌါနမှ သတင်းရရှိပါတယ်။
 
ဖြစ်စဉ်မှာ နေပြည်တော် လွှတ်တော်အဆောက်အအုံအတွင်းရှိ ပြည်သူ့လွှတ်တော်တွင် လက်ထောက်ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်နေသော ဒေါ်သီသီဝင်းကို လွှတ်တော်ရုံးအကူဝန်ထမ်း မသန္တာက အရောင်းအဝယ် စီးပွားရေးကိစ္စတစ်ခုနှင့် ဆက်စပ်ကာ ဓားနှင့်ထိုခဲ့ခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကို လာရောက်စစ်ဆေးခဲ့တဲ့ ဇမ္ဗူသီရိမြို့နယ် ရဲမှူးဆန်းအောင်က ပြောပါတယ်။
 
“ရုံးအကူကနေ ထိုးတာပါ၊ စီးပွားရေးကိစ္စကြောင့်ပါ။ ဖုန်းအရောင်းအဝယ်ကိစ္စ၊ မစိုးရိမ်ရပါဘူး။ အမှုဖွင့် သွားမှာပါ။ အိမ်သုံးဓားလေးနဲ့ ထိုးတာပါ။ ဒဏ်ရာကလည်း မများပါဘူး”
 
အဆိုပါဓားထိုးမှုဟာ ဝန်ထမ်းအချင်းချင်း ဖုန်းအရစ်ကျရောင်းချရာကနေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားထိုးခံရတဲ့ လက်ထောက်ညွှန်ကြားရေးမှူးကတော့ နေအိမ်သို့ပြန်လည်ရောက်ရှိနေပြီလို့ လွှတ်တော်ရုံး ဝန်ထမ်းတယောက်က ပြောပါတယ်။ နေပြည်တော် ကုတင် ၁၀၀၀ ဆန့်ဆေးရုံ ဝန်ထမ်းတဦးကတော့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီဝင်းမှာ နောက်ကြော ပြတ်ရှဒဏ်ရာ တချက်ရတဲ့အတွက် ချုပ်ပြီ ဆေးထည့်ပြီး ပြန်သွားခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတဦးက ပြောပါ တယ်။
 
Ref:DVB


Follow us on