1. Home
  2. Myanmar News

Miss Universe Myanmar 2017 အဖြစ် အလှမယ် ဇွန်သံစဉ် ရွေးချယ်ခံရ

Myanmar News ต.ค. 07, 2559 view 1,682
အောက်တိုဘာလ ၆ ရက်နေ့ က ရန်ကုန်မြို့ Novotel Max Hotel တွင် ကျင်းပပြုလုပ်ခဲ့သော Miss Universe Myanmar 2017 ရွေးချယ်ပွဲတွင် ပြိုင်ပွဲဝင်ခါးနံပါတ် ၂၄ အလှမယ် ဇွန်သံစဉ် က Winner အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ 
 
 
1st Runner အဖြစ် အလှမယ် ရွှေအိမ်စည်၊ 2nd Runner အလှမယ်အဖြစ်နဲ့ ဂျာဒင်းခိုင်၊ 3rd Runner အလှမယ်အဖြစ် သွန်းဝတီနဲ့ 4th Runner အလှမယ်အဖြစ် ခင်လပြည့်ဇော်တို့ကို အသီးသီးရွေးချယ်ခဲ့ပါတယ်။
 
 
Winner အဖြစ်အနိုင်ရရှိသွားတဲ့ အလှမယ် ဇွန်သံစဉ်က ၂၀၁၅ ခုနှစ် မေလတွင် ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော Luxury Brand Model Awards ပြိုင်ပွဲတွင်လည်း Luxury Brand Model Female Winner နှင့် Beauty Model Star အဖြစ်ရွေးချယ်ခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။
 
 
Photo: နော်ခမ်းဆိုင်းအောင်


Follow us on