1. Home
  2. Myanmar News

အလုပ်မလုပ်လိုတော့၍ ထွက်ပြေးလာသူ အမျိုးသမီးငယ် (၃)ဦးအား မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံ

Myanmar News ต.ค. 10, 2559 view 1,543

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ နေ့လည် ၁၂:၃၀ အချိန်တွင် ကျောက်တန်းမြို့နယ်တွင် အသက်(၁၃/၁၄)နှစ်အရွယ်ရှိ အမျိုးသမီးငယ်(၃)ဦး ယောင်လည်ယောင်လည်ဖြစ်နေကြောင်း
သတင်းအရ ကျောက်တန်းမြို့မရဲစခန်းမှ သွားရောက်ခေါ်ဆောင်ပြီး စိစစ်မေးမြန်းခဲ့ရာ အဆိုပါ မိန်းကလေးငယ်များမှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ------- ကျေးရွာမှဖြစ်ပြီး မိဘများ၏ခွင့်ပြုချက်အရ
ထမင်းဆိုင်တွင် အလုပ်လုပ်ရန် တစ်လလျှင်ငွေကျပ် ၅၀၀၀၀နှုန်းဖြင့်၊ ကြိုတင်လစာငွေ (၂)လစာ ထုတ်ယူထားရှိပြီး အလုပ်လုပ်ရန်အတွက် ၅.၁၀.၂၀၁၆ ရက်နေ့ ညနေပိုင်းတွင် အလုပ်ရှင်ဖြစ်သူ ဗဟန်းမြို့နယ်နေ
အမျိုးသမီးနှင့်အတူ ပေါင်မြို့နယ်မှ ခရီးသည်တင်ယာဉ်ဖြင့် ရန်ကုန်မြို့သို့ လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း၊ ၆.၁၀.၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး အဆိုပါ အမျိုးသမီး၏ ထမင်းဆိုင်တွင် ၂ ရက်အလုပ်လုပ်ကိုင်ပေးခဲ့ရာ အလုပ်ပင်ပန်း၍ လုပ်ကိုင်လိုခြင်း မရှိတော့သဖြင့် ၈.၁၀.၂၀၁၆ ရက်နေ့ နံနက်က နေအိမ်မှထမင်းဆိုင်သို့အသွားတွင်
လိုင်းကားစီး၍ ထွက်ပြေးခဲ့ကြရာမှ ကျောက်တန်းမြို့၊ ညောင်ဝိုင်းကျေးရွာသို့ ရောက်ရှိကာ အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်တွေ့၍ ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများမှ စိစစ်ကာ မိဘများထံပြန်လည် အပ်နှံနိုင်ရန်အတွက် ဆက်သွယ်အကြောင်းကြားပေးခဲ့ပြီး အမျိုးသမီးငယ် (၃)ဦးအား ကျောက်တန်းမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့တွင် စောင့်ရှောက်ထားရှိခဲ့ပါသည်။

အမျိုးသမီးငယ် (၃)ဦး၏ မိခင်များမှ ၉.၁၀.၂၀၁၆ ရက်နေ့တွင် ကျောက်တန်းမြို့မရဲစခန်းသို့ ရောက်ရှိလာသဖြင့် တာဝန်ရှိသူများမှ ည ၇:၀၀ နာရီအချိန်တွင် ကောင်းမွန်စွာဖြင့် ပြန်လည်အပ်နှံပေးခဲ့ကြောင်း
သတင်းရရှိပါသည်။

Source:YangonPolice
 



Follow us on