1. Home
  2. Special or Others

ဝန်ထမ်းအမျိုးသမီးများကို နံနက်တိုင်း နမ်းရှုံ့ခိုင်းပြီးမှ အလုပ်ဆင်းစေတဲ့ သူဌေး

Special or Others ต.ค. 10, 2559 view 1,702
တရုပ်နိုင်ငံ ပေကျင်းမြို့ရှိ ကုမ္ပဏီတစ်ခုတွင် အမျိုးသမီးဝန်ထမ်းများက အလုပ်မစတင်မီ နံနက်တိုင်း တန်းစီကာ အလုပ်ရှင်သူဌေးကို တစ်ယောက်ချင်း အလှည်ကျ အနမ်းချွေကြရသည်။ 
 
အဖျော်ယမကာထုတ်လုပ်ရေးစက်ရုံ ပိုင်ရှင်သူဌေးက အလုပ်ရှင်နှင့် အလုပ်သမားကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေရန်ဆိုသည့် အကြောင်းပြချက်ဖြင့် အမျိုးသမီးအလုပ်သမလေးများက နံနက်တိုင်း သူ့ကို တန်းစီနမ်းပြီးမှ အလုပ်ခွင်ဝင်ရန် စည်းကမ်းချက်တစ်ခုကို အတင်းထုန်ပြန်ထားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါနမ်းရှုံ့မှု အစီအစဉ်ကို နံနက်တိုင်း ၉ နာရီမှ ၉:၃၀ မိနစ်ချိန်ထိ အလှည့်ကျတန်းစီပြုလုပ်ရတာဖြစ်ပါတယ်။ အလုပ်ရှင်သူဌေးဖြစ်သူက သူ့အနေနဲ့ ယင်းအကြံအစည်ကို အမေရိကန် ကုမ္ပဏီတစ်ခုက ရလာတာဖြစ်တယ်လို့ ဆိုပါတယ်။
သူဌေးက နိုင်ငံခြားသို့ မကြာခဏခရီးသွားလေ့ရှိပြီး အမေရိကန်မှာ ကုမ္ပဏီတစ်ခုက အဲလိုနံနက်တိုင်း အနမ်းချွေတာ သူမြင်ခဲ့ရပြီး သူ့ရဲ့လုပ်ငန်းမှာလည်း အခုလိုအလေ့အထ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း တရုပ်မီဒီယာတစ်ခုကို ရှင်းပြခဲ့ပါတယ်။
အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ ရေ နဲ့ ငါးလိုဖြစ်ကြောင်း၊ သူအခုလို လုပ်လိုက်တဲ့အတွက် ရလာဒ်က သူ့ရဲ့ အလုပ်သမားတွေက ပိုမိုညီညွတ်လာကြောင်း ပြောပါတယ်။
 
ဒါပေမယ့် သူ့အလုပ်သမတွေကို အနမ်းချွေနေတဲ့ ဗီဒီယို အင်တာနက်မှာတက်လာတဲ့အခါ ကြည့်မိသူတွေက မှင်သက်အံ့သြခဲ့ကြရပါတယ်။ အခုလို နံနက်တိုင်း အန်းချွေနေရတဲ့ အလုပ်သမလေးတွေရဲ့ အဖြစ်က အလုပ်အကိုင်တည်မြဲရေးအတွက် သူတို့သူဌေးရဲ့ ဆန္ဒကို သိရက်နဲ့ လှည့်ဖျားခံနေရတာပဲ ဖြစ်ပါတယ်။
 
သူတို့ထဲက နှစ်ဦးကတော့ အဆိုပါ စည်ကမ်းချက်ထုတ်ပြန်ခဲ့တာကြောင့် ချက်ခြင်းဆိုသလို အလုပ်မှ ရှေ့ဆင့်နောက်ဆင့် ထွက်ခဲ့ကြပါတယ်။
 


Follow us on