1. Home
  2. Myanmar News

အာရှလမ်းမကြီးတွင် အောင်စစ်သည် ခရီးသည်ယာဉ်တိမ်းမှောက်

Myanmar News ต.ค. 10, 2559 view 1,576
အောက်တိုဘာလ ၁၀ ရက် (ယနေ့) နံနက် ဝေလီဝေလင်း ၄:၃၀ နာရီအချိန်တွင် အာရှလမ်းမကြီး ကွမ်းသီးတော မရောက်ခင် အဆင်းကွေ့ ၌ “အောင်စစ်သည်” ရန်ကုန်ခရီးသည်တင် မှန်လုံယာဉ်တစ်စင်း တိမ်းမှောက်ခဲ့သည်။ 
 
 
ယာဉ်နောက်လိုက် နှင့် ယာဉ်မောင်း အပါအဝင် စုစုပေါင်း ခရီးသည် ၂၂ ဦး ယာဉ်ပေါ်ပါလာပြီး တိမ်းမှောက်ခဲ့မှုကြောင့် သေဆုံးသူ မရှိခဲ့သော်လည်း ကျိုးပဲ့ဒဏ်ရာရရှိသူများ ရှိသည်။ မော်တော်ယာဉ်မောင်းနှင့် ခရီးသည်တစ်ဦး ကားအတွင်း ညပ်နေပြီး ကော့ကရိတ် ကယ်ဆယ်ရေးအဖွဲ့ မြန်မာ Rescue နှင့် မြဝတီရုံးချုပ် အဖွဲ့ လူမှု့ကူညီရေး အသင်းအဖွဲ့များ အချိန်နှင့်တစ်ပြေးညီ လူနာများအား ပြု့စုပေးပြီး မြဝတီ ပြည်သူဆေးရုံသို့ အချိန်မီ ပို့ဆာင်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ 


Follow us on