1. Home
  2. Special or Others

ကာတွန်းမလေး Jessica Rabbit နဲ့ တူချင်လို့ ဒေါ်လာ ၁၀၀,၀၀၀ အကုန်ခံတဲ့ အသက် ၅၂ နှစ် အမယ်အို

Special or Others ต.ค. 10, 2559 view 1,638
လူတိုင်းက အသက် ၃၀ ကျော်လာတဲ့အခါ သဘာဝတရားအရ မျက်နှာပေါ်မှာ အရေးအကြောင်းလေးတွေ ပေါ်လာကြတတ်စမြဲဖြစ်ပါတယ်။ လူအများစုက အသက် ၄၀/၅၀ အရွယ်လောက်မှာ အဲဒီလို အရေး၊ အကြောင်းထင်တဲ့ ပြဿနာလေးတွေအတွက် စိုးရိမ်စိတ်လေးတွေ စတင်ဝင်လာတတ်ပါပြီ။ အသက် ၅၂ နှစ်အရွယ် အမယ်အိုကလည်း ဒီလိုပါပဲ။ 
 
 
Bee Cameron ဆိုတဲ့ အမယ်အိုက ခေသူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး၊ သူမ အသက် ၂၀ ဝန်းကျင်တုန်းက အရမ်းကို လှခဲ့ဖူးပါတယ်။ သူမဟာ ငယ်ငယ်တုန်းကလို တစ်ခါပြန်လှပဖို့ အတွက် ရွေးချယ်စရာက အစားထိုးခွဲစိတ်ပြုပြင်မှုတစ်ခုသာ ရှိတဲ့အတွက် ဒေါ်လာ ၁ သိန်းလောက် အကုန်ကျခံပြီး သူမရဲ့ဆန္ဒကို ဖြည့်ဆည်းခဲ့ပါတယ်။
 
 
သူမက ကာတွန်းဇာတ်ကောင်လေး Jessica Rabbit ကို သဘောကျတဲ့အတွက် အတူဆုံးဖြစ်အောင် ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။  အရွယ်ရောက်ပြီးသား သားနှစ်ဦးရှိတဲ့ အမယ်အိုက ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်အပြီးမှာတော့ အရမ်းကို ဆွဲဆောင်မှုရှိနေပြီး ဘယ်သူကမှ သူ့ကို အသက် ၅၂ ဆိုတာ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ 
 
 
အချင်းချင်း ပူးကပ်နေတဲ့ သူမရဲ့ ပေါင်တံနှစ်ချောင်းကို ကွာသွားအောင် ပြုလုပ်တဲ့ ခွဲစိပ်မှုဟာမအောင်မြင်ခဲ့ပါဘူး၊ ရင်းသားပြုပြင်အစားထိုးရာမှာလဲ ပေါက်ထွက်ခဲ့တာကြောင့် နောက်ထပ်ပြန်လည် ပြုပြင်ခဲ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူမ အပြင်ထွက်ရင်တော့ အသက် ၁၈ နှစ်လောက် ချာတိတ်တွေက တကောက်ကောက်ပါလာတတ်ပါပြီ၊ ချာတိတ် ငယ်ငယ်လေးတွေနဲ့ စုံတွဲခုတ်နေတဲ့ Bee Cameron မှာ နောက်ထပ် ခွဲစိတ်ပြုပြင်ဖို့ စီထားတဲ့စာရင်းတွေ ရှိနေပါသေးတယ်။


Follow us on