1. Home
  2. Special or Others

မြန်မာ့အလှပုံရိပ်များနဲ့ တန်ဆာဆင်ထားတဲ့ ကိုရီးယားနိုင်ငံက ရထားတွဲတစ်တွဲ

Special or Others ต.ค. 10, 2559 view 1,834
ကိုရီးယာနိုင်ငံတွင် ပြေးဆွဲနေသော ရထားတစ်စင်းပေါ်၌ မြန်မာနိုင်ငံ၏ အထင်ကရနေရာများဖြစ်ကြသော ပုဂံ၊ အင်းလေး ဒေသရှိ မြန်မာ့ရှုခင်းပုံများနှင့် ရထားတွဲ၏ အတွင်းပိုင်း တစ်ခုလုံးကို ဓါတ်ပုံစတစ်ကာများနှင့် ကပ်ခါ အလှဆင်ထားကြောင်း ကိုးရီးယားနိုင်ငံတွင် နေထိုင်လျှက်ရှိသော မြန်မာတစ်ဦးက သူ၏ လူမှုကွန်ယက် ဖေ့ဘုတ်စာမျက်နှာတွင် ဝေငှခဲ့သည်။
 
 
 
 
 
ထိုကဲ့သို့ အလှဆင်မှုမျိုးကို ကိုရီးယားမှာ ခါတိုင်းလုပ်လေ့လုပ်ထမရှိပဲ အခုတစ်ခါ ပထမဆုံးအနေနှင့် တွေ့မြင်ခဲ့ရတာဖြစ်ပြီး၊ မည်သည့် ရည်ညွှန်းစာမှမပါပဲ ရုပ်ပုံများကို ကပ်ထားခဲ့တာကြောင့် ရထားစီးခရီးသည်များက အလွန်လှပကြောင်း အချင်းချင်းချီးမွမ်း ထောပနာပြုကြပေမယ့် အဆိုပါပုံတွေကို ဘယ်နိုင်ငံက ပုံတွေမှန်း မသိဖြစ်နေကြတာကို ဝမ်းနည်းမိကြောင်း၊ အနည်းဆုံး  MYANMAR ဟူသော စာတန်းလေး ပါစေချင်တယ်ဟု ရေးသားထားခဲ့ပါတယ်။
မည်သို့ပင်ဆိုစေ မြန်မာပြည်တွင် ရှိနေသော သဘာဝ၊ ဓလေ့ရိုးရာများသည် ကမ္ဘာပေါ်ကလူတွေကို ဆွဲဆောင်မှုရှိစေကြောင်း သာဓကကောင်းတစ်ခု ဖြစ်ခဲ့သည်မှာ အသေအချာပင်..။
 
 


Follow us on