1. Home
  2. Movie Stars - Celebrity

ရုပ်ဖျက်ထားပြီး လိုက်မေးခဲ့တဲ့ justin bieber

Movie Stars - Celebrity ต.ค. 10, 2559 view 1,501

အောက်တိုဘာလ ၇ ရက်က နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ လျှောက်သွားနေ အသက် ၂၂ နှစ်အရွယ် Bieber ဟာ ဆံပင်အတုနဲ့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးအတု တပ်ထား တာကို တွေ့လိုက်ရပါတယ်။ ပြောင်ချော်ချော်ပုံပေါက်နေတဲ့ သူ့ပုံစံက လူသတိထားမိစရာ ပိုဖြစ်နေပါတယ်။

Bieber ဟာ ကော်ဖီကို အေးအေးဆေးဆေးသောက်ချင်တာတစ်ခုပဲ ရှိပုံရပါတယ်။ သူသောက်ချင်တဲ့ ကော်ဖီရပြီးတဲ့နောက် သူ့ပုံစံက ယုတ္တိရှိမရှိ စစ်ဆေးချင်စိတ်ကို ထိန်းမရခဲ့ပါဘူး။ "ဟေး..ဒါအစစ်နဲ့မတူဘူးလား" လို့ သူက လမ်းမှာတွေ့တဲ့ မိန်းကလေးတွေကို လှမ်းမေးနေပါသေးတယ်။ ဂျေဘီရဲ့ဘော်ဒီဂတ်က သူ့ရဲ့နောက်ကနေ ကပ်လိုက်လာတာကို တွေ့ရပါတယ်။

Credit:Duwun



Follow us on