1. Home
  2. Special or Others

ဆေးရုံကုတင်ပေါ်မှာ ကဲခဲ့တဲ့စုံတွဲ အာမခံပြန်ရုပ်သိမ်းခံခဲ့ရ

Special or Others ต.ค. 11, 2559 view 2,192
ကျန်းမာရေးမကောင်းလို့ ဖြစ်ဖြစ် မတော်တဆမှု တစ်ခုခုကြောင့် ဆေးရုံတက်ရပီဆိုရင် ဆေးကုသစရိတ်အာမခံ ရှိထားတာက ကုန်ကျစရိတ်တွေအတွက် ဘာမှပူပင်စရာ မလိုတော့ပါဘူး။ ဒါပေမယ့် ဆေးရုံပေါ်မှာတော့ မဟုတ်က ဟုတ်ကတွေ လျှောက်မလုပ်ဖို့တော့လိုပါတယ်။
 
ဆေးရုံးကုတင်ပေါ်မှာ ချစ်တင်းနှောခဲ့ကြတဲ့ စုံတွဲတစ်တွဲကို အားမခံကုမ္ပဏီက ကျန်းမာရေးအားမခံတွေအားလုံး ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Snapchat ကို ယောက်ျားလေး၊ မိန်းကလေး အတော်များများက သူတို့ရဲ့ မလုံ့တလုံပုံတွေတင်ပြီး စိတ်ဝင်စားလာအောင် မြူဆွယ်တာ၊ လိင်ပိုင်းဆိုင်ရာ စကားတွေအပြန်လှန် ပြောကြဖို့အတွက် အသုံးပြုတဲ့နေရာမှာ ပေါ်ပြူလာဖြစ်ပါတယ်။
 
 
အဆိုပါစုံတွဲကလည်း သူတို့နှစ်ဦး ချစ်တင်းနှောနေတဲ့ ပုံတွေကို Snapchat ထဲမှာ တင်ထားခဲ့ရာကနေ အာမခံကုမ္ပဏီက သတင်းရရှိပြီး အာမခံတွေ ပယ်ဖျက်ခံခဲ့ရတာဖြစ်ပါတယ်။ အာမခံကုမ္ပဏီတွေရဲ့ ထုံးစံအတိုင်း ပိုက်ဆံမလျော်ရအောင် အမြဲစောင့်ကြည့်နေခဲ့တဲ့အတွက် ဆေးရုံ လူနာကုတင်ပေါ်မှာ လိင်ဆက်ဆံခဲ့ကြလို့ဆိုတဲ့ အကြောင်းပြချက်က အာမခံတွေရုပ်သိမ်းဖို့ လုံလောက်တဲ့ အချက်တစ်ခု ဖြစ်နေစေခဲ့ပါတယ်။
 
ဘယ်လိုပဲ ပေါက်ကရတွေ လုပ်ခဲ့ပါစေ ဆေးရုံပေါ်က အဖြစ်အပျက်ကိုတော့ လူတွေကြားထဲကို ချမပြသင့်ဘူး မဟုတ်ပါလား..။
 


Follow us on