1. Home
  2. Myanmar News

သရုပ်ဆောင်မိုးအောင်ရင်၏ အမှုတွင် တိမ်းရှောင်နေသူတစ်ဦးကို ဖမ်းမမိသေး

Myanmar News ต.ค. 11, 2559 view 1,565
၂၀၁၆ ခုနှစ် သြဂုတ်လထဲက ဖြစ်ပွားခဲ့သော သရုပ်ဆောင် မိုးအောင်ရင်၏ အမှုတွင် ပါဝင်ပက်သက်ပြီး ထွက်ပြေးတမ်းရှောင်နေသူ သိန်းဝင်းလှိုင်ကို ဖမ်းဆီရမိခြင်း မရှိသေးသော်လည်း လာမည့် အောက်တိုဘာလ ၂၀ ရက်နေ့တွင် အမှုကို စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပုစွန်တောင်မြို့နယ်တရားရုံးမှ တရားသူကြီး ဦးမြင့်ကျော် ကပြောကြားခဲ့သည်။
 
အဆိုပါ တိမ်းရှောင်နေသူ သိန်းဝင်းလှိုင် ကို အောက်တိုဘာလ ၁၀ ရက်နေ့ ရုံးချိန်းအတွက် သွားရောက်ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့သဖြင့် ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ သိုသော် ၎င်း၏မျက်ကွယ်တွင် မှတ်တမ်းတင်ပြီး အောက်တိုဘာ ၂၀ တွင် တရားလိုကို အမှုစတင် စစ်ဆေးမည်ဖြစ်သည်။
 
တာမွေရဲစခန်းမှ အမှုဖွင့်ထား သော မိုးအောင်ရင်အပါအဝင် သုံးဦး ၏အမှုကို စက်တင်ဘာ၂၉ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးမှ မူး/စိတ် ပုဒ်မ၁၉(င)ဖြင့် လက်ခံစစ်ဆေးလျက် ရှိကြောင်း သတင်းရသည်။
 
Credit:YMG


Follow us on