1. Home
  2. Myanmar News

စမ်းချောင်းမြို့နယ်တွင် မိတ်ဆွေဖွဲ့ ညအိပ်အကူညီတောင်းပြီး အတွင်းပစ္စည်းများ ခိုးယူခံခဲ့ရ

Myanmar News ต.ค. 11, 2559 view 1,508
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် မိတ်ဆွေဖွဲ့ပြီး အိမ်သို့လိုက်အိပ်ကာ ရွှေငွေပစ္စည်းများ ခိုးယူခဲခဲ့ရမှုတစ်ခု အောက်တိုဘာလ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည်။
 
ဖြစ်စဉ်မှာ၊ စမ်းချောင်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက  အောက်တိုဘာလ ၄ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် ၎င်းဖွင့်လှစ်ထားသည့် ကျွန်းတောလမ်းနှင့် အောင်သပြေလမ်းထောင့်ရှိ ဆိုင်တွင် ရှိနေစဉ် အမျိုးသမီးတစ်ဦးရောက်လာပြီး ခေတ္တထိုင်နေခဲ့ပြီး သူမ၏အမည်မှာ မခင်သီတာအေးဖြစ်ကြောင်း၊ ခင်ပွန်းမှာ ရန်ကုန်-တောင်ကုတ် ကုန်တင်ကားမောင်းသူ ဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူ၏ လစာများလာရောက် ထုတ်ယူခြင်းဖြစ်ကြောင်း၊ မကွေးမြို့ ကားကြီးဝင်းအတွင်း ထမင်းဆိုင်ဖွင့်လှစ်ရောင်းချသူဖြစ်ကြောင်း ပြောဆိုမိတ်ဆက်ခဲ့သည်။
 
ထို့နောက် ခဏအကြာ၌ နေအိမ်တွင် ရေလိုက်ချိုးလိုကြောင်း ပြောဆိုသဖြင့် မွေးရပ်မြေဇာတိသားချင်းများဖြစ်သဖြင့် နေအိမ်သို့ခေါ်ဆောင်ခဲ့သည်။
ရေချိုးပြီးနောက် ခင်ပွန်းဖြစ်သူ၏ ကားမှာ လမ်းတွင် ပျက်နေသဖြင့် ရန်ကုန်သို့ မနက်မှ ရောက်မည်ဖြစ်ကြောင်း ထိုညအတွက်နေအိမ်တွင် တည်းခိုခွင့်ပြုရန် ထပ်မံပြောဆိုသဖြင့် မိခင်ဖြစ်သူနှင့်အတူ ညအိပ်စေခဲ့သည်။
 
နံနက် ၈ နာရီတွင် သူမ၏ခင်ပွန်းနှင့် အဆက်အသွယ် ရရှိကြောင်း ခင်ပွန်းဖြစ်သူက ကျွန်းတောလမ်းနှင့် အောင်သပြေလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်သို့ လာမည်ဖြစ်ကြောင်း ပြောဆိုပြီးနေအိမ်မှ  ထွက်သွားခဲ့သည်။အိမ်ရှင်ဖြစ်သူကလည်း သမီးကို ကျောင်းသို့ လိုက်ပို့ခဲ့ပြီးနောက် နံနက် ၁၀ နာရီခွဲတွင် နေအိမ်သို့ ပြန်ရောက်လာစဉ် ဧည့်ခန်းတွင်းရှိ သေတ္တာမှာ ပွင့်နေသဖြင့် စစ်ဆေးရာ ရွှေထည်ပစ္စည်းများနှင့် ကျပ် ၉ သိန်း စုစုပေါင်းတန်ဖိုး ၂၅ သိန်းဖိုးခန့် ပျောက်ဆုံးနေသည်ကို သိရသဖြင့် စမ်းချောင်းမြို့မရဲစခန်းတွင် သံသယရှိသူ မခင်သီတာအေး(စုံစမ်းဆဲ)ကို အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။
 
အဆိုပါအမှုကို စမ်းချောင်းမြို့မရဲစခန်းက(ပ)၃၅၄/၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။
 
Credit:mmtimes
 


Follow us on