ပြည်သူ့လွှတ်တော်တွင် လစ်လပ်မဲဆန္ဒနယ် (၁၈) ခုအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ (၁၁) ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာနှင့်၊ ရုပ်/သံများမှ တစ်ဆင့် ကြေညာခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လစ်လပ်မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော် အတွက် ကော့မှုး၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်အရှေ့နှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၄) ခုပါဝင်ပြီး အမျိုးသားလွှတ်တော် အတွက် ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော် နှင့် အလုံမြို့နယ်တို့ ပါဝင်သည်။ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Credit:TheVoice