1. Home
  2. Myanmar News

တောင်ဒဂုံတွင် တူဝရီးနှစ်ဦး ဓါတ်လိုက်သေဆုံး

Myanmar News ต.ค. 12, 2559 view 1,550
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံတောင်ပိုင်း ၇၀ ရပ်ကွက်မင်းခေါင်လမ်း အမှတ် (---) တွင် အောက်တိုဘာလ (၁၁) ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် တူရီနှစ်ယောက် ဓာတ်လိုက်သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ 
 
ဖြစ်စဉ်မှာ နေအိမ်ရှိ သံပန်းကွက်များကြားမှ လျှပ်စစ်မီးသွယ်တန်းထားသော ဓာတ်ကြိုးပေါက်၍ သံပန်းတွင် လျှပ်စီဝင်နေသောကြောင့် ဦးဇော်ထွန်း အသက် ၃၄ နှစ်မှာ ဓာတ်လိုက်နေစဉ်၊ တူတော်စပ်သူ မောင်ဝင်းကျော်နိုင် အသက် ၁၉ နှစ်မှ ဦးလေးဖြစ်သူအား ဝင်ရောက်ကယ်ဆယ်ရာမှ နှစ်ဦးစလုံး ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း နေအိမ်ပတ်ဝန်းကျင်၏ ပြောကြားချက်အရ သိရှိခဲ့ရသည်။ 
 
သေဆုံးသူ တူဝရီး ၂ ဦးအား ရွှေသန်လျင်နာရေးကူညီမှု့အသင်း (ဒဂုံ) မှ ရဲလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရန် စံပြဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သတင်းရရှိပါသည်။
 
Source:ရွှေသန်လျင်နာရေးကူညီမှု့အသင်း (ဒဂုံ) သံမဏိလိပ်ပြာ


Follow us on