1. Home
  2. Myanmar News

တိုးချဲ့ရုပ်သံလိုင်းအသစ် ၅ ခုအတွက် ကုမ္ပဏီ ၄၂ ခု ပဏာမရွေးချယ်ထား

Myanmar News ต.ค. 12, 2559 view 1,567
ပြန်ကြားရေးဝန်ကြီးဌါန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV လက်အောက်တွင် လုပ်ကိုင်ရန် ရုပ်သံလွှင့်ကုမ္ပဏီ ၅ ခုကို လိုင်စင်ချ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး တင်ပြလာသော ကုမ္ပဏီများစွာထဲမှ ကုမ္ပဏီ ၄၂ ခုကို ပဏာမအဖြစ်ရွေးချယ်ခဲ့ကြောင်း သတင်းရရှိသည်။
 
လက်ရှိမြန်မာနိုင်ငံတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV အပါအဝင် Forever ၊ ရွှေသံလွင် နှင့် မြဝတီ ရုပ်သံလွှင့်ဌါန (၄) ခုတို့ ရှိပြီး ရုပ်သံလွှင့်ကုမ္ပဏီ (၃)ခုလုံးက MRTV  ၏ လက်အောက်တွင် လုပ်ကိုင်လျက်ရှိသည်။ အသစ်ရွေးချယ်မည့် ရုပ်သံလွှင့် ကုမ္ပဏီ (၅) ခုကို ပဏာမရွေးချယ်ထားသော ကုမ္ပဏီ ၄၂ ထဲမှ ပြန်လည်ရွေးချယ်မည်ဖြစ်ပြီး MRTV ၏ လက်အောက်တွင်သာ ထားရှိလုပ်ကိုင်သွားရမည်ဖြစ်သည်။
 
ပဏာမရွေးချယ်ခံထားရသော ကုမ္ပဏီ ၄၂ ထဲတွင် ရုပ်သံလွှင့်အတွေ့အကြုံ ရင့်ကျက်ပြီးသားဖြစ်သည့် Democratic Voice of Burma DVB ကဲ့သို့သော ကုမ္ပဏီလည်း အပါအဝင်ဖြစ်ခဲ့ပြီး လုပ်ကိုင်ခွင့်ရရှိခဲ့ပါက လွယ်ကူစွာအကောင်ထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း DVB TV ၏ရန်ကုန်သတင်းဌာနတာဝန်ခံ ဦးတိုးဇော်လတ်က ပြောကြားသည်။
 
ပြန်ကြားရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်သူ ဦးရဲထွဋ်က “ကျနော်သိသလောက်ကတော့ တီဗီရီမုကို ကလေးတွေနဲ့ အိမ်ရှင်မတွေက ကိုင်ကြပါတယ်။ သူတို့က ဖျော်ဖြေရေးရုပ်သံလိုင်းတွေကို ကြိုက်ကြတယ်။ အဲဒီတော့ ဖျော်ဖြေရေးရုပ်သံလိုင်းတွေက အလားအလာမြင့်ပါတယ်။ သတင်းရုပ်သံလိုင်းတွေ အတွက်ကတော့ အွန်လိုင်းက သတင်းတွေကို ကျော်မတက်နိုင်တဲ့အချိန်ကျတော့ ခက်ခဲပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။
 
အဆိုပါ ရုပ်သံလွှင့်ကုမ္ပဏီ အပြီးသတ်ရွေးချယ်မှုကို ၃ လအတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန၏ အမြဲတမ်း ဒုအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောကြားသည်။
 
Ref:ဧရာဝတီ
 


Follow us on