1. Home
  2. Special or Others

ရွပိုးထနေတဲ့ ခေါင်းသန်းများဗီဒီယို အင်တာနက်တွင်နာမည်ကြီး

Special or Others ต.ค. 12, 2559 view 2,673
မက်စီကိုနိုင်ငံက ဦးခေါင်းသန်းများ ရှင်းလင်းကုသပေးတဲ့ ဆလွန်းပိုင်ရှင် ‘ကာလာမန်ဒိုဇာ’ က သူ့ရဲ့ဆလွန်းမှာ လာရောက်ကုသခံတဲ့ မိန်းကလေးတစ်ဦးရဲ့ ဦးခေါင်းဆံပင်တွေထဲက သန်းတွေကို ရိုက်ပြထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။
 
မိန်းကလေးရဲ့ ဦးခေါင်းက ဆံပင်တွေထဲမှာ သူမတူအောင်များပြားလှတဲ့ သန်းဥတွေက ရာပေါင်းများစွာရှိနေပါတယ်၊ သန်းပျတွေ၊ သန်းမကြီးတွေက ဟိုဟိုဒီဒီပြေးလွှားနေကြတာ အင်မတန်အူယားစရာကောင်းလှပါတယ်။ အဆိုပါဗီဒီယိုကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက တင်ထားခဲ့တာဖြစ်ပြီး အခုဆိုရင် ကြည့်ရှုသူ ၂၅သန်းကျော်နဲ့ ဝေမျှမှုပေါင်း ၂၇၅,၀၀၀ အကြိမ်ရှိနေပါတယ်။
 
သန်းတွေဟာ ခေါင်းဘီး၊ အဝတ်အစားတွေ အတူသုံးတာမျိုး နဲ့ တစ်ဦနဲ့တစ်ဦး ပူးပူးကပ်ကပ်နေထိုင်ကြတာတွေကလည်း လျင်မြန်စွာကူးစက်နိုင်ပါတယ်။ သန်းတွေသေစေဖို့ဆိုရင် Dimeticone ၄ ရာခိုင်နှုန်းပါတဲ့ ခေါင်းလိမ်းဆေး (သို့) ဖျန်းဆေးကို ဆေးဆိုင်တွေမှာ ရှာဝယ်ပြီး လိမ်းပေးရင် သက်သာစေနိုင်တယ်လို့ အင်္ဂလန်နိုင်ငံ အမျိုးသားကန်မားရေးဌါနက ဆိုပါတယ်။ ဟာဘယ်လ်တွေနဲ့ ကုသခံတာတွေ၊ အုန်းဆီ၊ သံလွင်ဆီစတဲ့ အပင်တွေကထွက်တဲ့ အဆီတွေက အကျိုးအာနိသင်မရှိတဲ့အတွက် ခေါင်းသန်းတွေ သေစေဖို့ဆိုရင် မလိမ်းကြဖို့လည်း တိုက်တွန်းထားပါတယ်။
 


Follow us on