1. Home
  2. Special or Others

ချားရဟတ်နဲ့ ဆယ်လဖီဆွဲမိသူလေးရဲ့ ခြောက်ခြားစရာအဖြစ်ပျက်

Special or Others ต.ค. 12, 2559 view 1,943
လူမှုကွန်ယက် ဆိုရှယ်နက်ဝါ့ခ်တွေမျိုးစုံနဲ့ အချင်ချင်း သတင်းတွေ၊ ဓါတ်ပုံတွေ အပြန်လှန်ဖလှယ်နေကြသည့် ခေတ်ကြီးထဲတွင် မိမိ၏ပုံကို စမတ်ဖုန်းကင်မရာနှင့် ကိုယ်တိုင်ရိုက်သည့် ဆယ်လဖီ အလွန်ခေတ်စားနေသည်။ ဟိုးအမြင့် အစွန်အဖျားတွေပေါ်တက်ကာ နောက်ခံပုံအမိုက်စားတွေနဲ့ ဆယ်လဖီရိုက်ယူမှုကြောင့် ပြုတ်ကျသေဆုံးရသူတွေ နှစ်စဉ်ရှိပါတယ်။
 
ဒီတစ်ခါအဖြစ်အပျက်ကတော့ ထူးဆန်းလှပါတယ်။ အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ် မြို့မှာ ကောလိပ်ကျောင်းသူ မိန်းကလေးတစ်ယောက်က သူမရဲ့လှပတဲ့ ဆံနွယ်တွေကို မွှတ်မွှတ်လည်နေတဲ့ ချားရဟတ်ကို နောက်ခံထားပြီး ဆယ်လဖီရိုက်ကူးခဲ့ပါတယ်။ အဲဒီအချိန်မှာ မထင်မှတ်ထားပဲ သူမရဲ့ ဆံပင်တွေဟာ ရဟတ်မှာရစ်ပတ်ပြီး ဦးရေပြားကနေ ဆွဲခွာချခဲ့သလိုဖြစ်ခဲ့ပြီး သူမရဲ့နဖူးကနေ ဦးရေပြားလန်ထွက်ပါသွားခဲ့ပါတယ်။
ဗီဒီယိုမှာ ဒီအဖြစ်ပျက်ကို မြင်ခဲ့သူတွေက ကြောက်လန့်တကြား အော်ဟစ်နေကြပြီး၊ သွေးသံရဲရဲနဲ့ အသံမထွက်နိုင်ရှာတဲ့ မိန်းကလေးကို ထိတ်လန့်ဖွယ်ရာ မြင်တွေ့ကြရမှာပါ။ ယခုအဖြစ်အပျက်က ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
 
မကြာမီ သီတင်းကျွတ်ပွဲတော်ကြီး နီးပြီမို့ ပိုပိုလေး ပရိသတ်များလည်း ဈေးပွဲခင်းထဲမှာ ချားရဟတ်နဲ့ ဆယ်လဖီဆွဲကြမယ်ဆိုရင် ခပ်ဝေးဝေးကသာ ဆွဲကြဖို့ သတိပါးလိုက်ပါရစေ။
 


Follow us on