1. Home
  2. Myanmar News

ရွှေပြည်သာမြို့နယ်တွင် အလယ်တန်းကျောင်း တစ်ကျောင်း မီးလောင်

Myanmar News ต.ค. 13, 2559 view 1,585
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၇) ရပ်ကွပ်၊ လှော်ကားကျေးရွာ၊ အမှတ် (၄) လမ်းမကြီးနှင့် ဝါးတစ်ရာလမ်းဆုံအနီးတွင် တည်ရှိသော အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းဆောင်ဟောင်းတစ်ခုမှ မီးထလောင်ခြင်းဖြစ်သည်။ အဆိုပါကျောင်းဆောင်ဟောင်းတွင် စာရေးခုံအဟောင်းများနှင့် စာရွက်စာတမ်း အဟောင်းများအား အချိန်ကြာမြင့်စွာ စုပုံထားရာမှ အပူအောင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
 
 
မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ညနေ ၆ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါ မီးလောင်မှုအတွက် ကျောင်းသုံးပစ္စည်းဟောင်းများနှင့် စာရွက်စာတမ်းအဟောင်းများ ပေါ့ဆစွာသိမ်းဆည်းထားရှိသည့် ကျောင်းစောင့်ဖြစ်သူ ဦးမင်းမင်းငြိမ်းအား လှော်ကားနယ်မြေရဲစခန်းက (ပ)၆၀၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
Ref:YangonPolice
 


Follow us on