1. Home
  2. Myanmar News

သက်တမ်းလွန် မီနီဘတ်စ်နှင့် စီးတီးဘတ်စ်များကို လူစီးအိမ်ကားနှင့် လဲလှယ်ပေးမည့်

Myanmar News ต.ค. 13, 2559 view 1,544
စီးတီးဘတ်စ်နှင့် မီနီဘတ်စ်ယာဉ်ပိုင်ရှင်များ ယာဉ်အိုယာဉ်ဟောင်းအပ်နှံရာတွင် နစ်နာမှုမရှိစေရန် လူစီးယာဉ်ဖြင့် ပထမဦးစားပေး လဲလှယ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သတင်းရရှိသည်။
 
၁၉၉၅ ခုနှစ်အောက်မော်ဒယ် စီးတီးဘတ်စ်နှင့် မီနီဘစ်ယာဉ်များသည် ကာလကြာမြင့်နေပြီဖြစ်သဖြင့် ကားများကြံ့ခိုင်မှုအားနည်းနေသည့်အတွက် အသစ်လဲလှယ်ရန်လိုအပ်နေပြီး ယာဉ်ပိုင်ရှင်များကို အထူးအခွင့်အရးပေးသည့်အနေဖြင့် လူစီးယာဉ်များနှင့် လဲလှယ်ပေးမည်ဖြစ်ကြောင်း အတွင်းရေးမှူးဒေါက်တာမောင်အောင်က ပြောကြားသည်။
ဒုတိယဦးစားပေး လဲလှယ်မည့် ယာဉ်အိုယာဉ်ဟောင်းများမှာ ဘီအမ် နှင့် ဒိုင်နာကားများဖြစ်ပြီး လက်ရှိပေးဆွဲနေသော ခရီးစဉ်များကို ထိခိုက်ခြင်းမရှိစေရန် စနစ်တကျအချိန်ယူဆောင်ရွက်သွားဟု သိရှိရသည်။
 
သက်တမ်း ၂၀ ကျော်ပြီဖြစ်သည့် စီးတီးဘတ်စ် ၁၇၀၀ စီးခန့်၊ ဘီအမ် နှင့် ဒိုင်နာယာဉ် ၃၀၀၀ ကျော်ခန့် ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံရန် ကျန်ရှိနေသေးသည်ဟု  အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သတင်းရရှိသည်။ အဆိုပါယာဉ်အိုယာဉ်ဟောင်း အပ်ကို အပ်နှံ၍ ရရှိလာသော လူစီးကားကို ပြန်လည်ရောင်းချပြီး ဆန္ဒရှိပါက အများပိုင်အဖွဲ့တွင် ရှယ်ယာထည့်ဝင်နိုင်ကြောင်းလည်း အကြံပြုပြောကြားသွားခဲ့သည်။
 
Ref:TheVoice
 


Follow us on