1. Home
  2. Myanmar News

ရန်ကုန်တိုင်းတွင်းရှိ တရားမဝင်တရုပ်ဆေးကုခန်းများ အရေးယူတော့မည်

Myanmar News ต.ค. 13, 2559 view 1,519
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရားမဝင်လိုင်စင်မဲ့ ပုဂ္ဂလိကပိုင် တရုပ်ဆေးခန်းများအား အရေးယူသွားတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးနိုင်ငံလင်းက အောက်တိုဘာ ၁၃ ရက် (ယနေ့) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
 
တရုပ်ဆေးခန်းအများစုတွင် ကုသနေကြသော ဆရာဝန်များမှာ မြန်မာလိုတစ်လုံးမှ မတတ်ပဲ ဆေးရုံးကြီးများတောင် အာမမခံနိုင်သည့် ကင်ဆာကဲ့သို့ ရောဂါများကို ကုသနိုင်သည်ဟု ကြေငြာများဖြင့် ဆွဲဆောင်နေသည့်အပေါ် တရားဝင်ခွင့်ပြုချက် ရှိ/မရှိကို ပန်းပဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက မေးမြန်းခဲ့ခြင်းအပေါ် လူမှုရေးရာဝန်ကြီး ဦးနိုင်ငံလင်းက -
ကျွန်တော်ကိုယ်တိုင်လည်း တရုတ်ဆေးခန်းနှစ်ခုကို စစ်ဆေးဆောင်ရွက်နေတယ်။ ဒါတွေဟာ တရားဝင် မဟုတ်သလို တရားဝင်ဆေးကုခွင့်လည်း ချမပေးထားတဲ့အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီး တရုတ်ဆေးခန်းတွေကို အရေးယူသွားမယ်။
ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
ပုဂ္ဂလိကဆေးခန်း လုပ်ငန်းလိုင်စင်ကို မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်သူများကိုသာ ခွင့်ပြုထားခြင်းဖြစ်ပြီး ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာဥပဒေနှင့်အညီ လိုင်စင်ရယူထားခြင်းမရှိသည့် ဆေးခန်းများကို  ထောင်ဒဏ် (၆)လမှ (၃)နှစ်ထိ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်ပြီး ဒဏ်ငွေနှင့် လုပ်ငန်းပါပိတ်သိမ်းရသည်အထိ အရေးယူနိုင်ကြောင်း သိရှိရသည်။
 
Ref:မြစ်မခမီဒီယာ
 


Follow us on