1. Home
  2. Special or Others

ကစားနေရင်း ဖခင်က သားဖြစ်သူပေါ်လဲကျပြီး ကလေးငယ်ပွဲချင်းပြီး သေဆုံး

Special or Others ต.ค. 13, 2559 view 2,023
တရုပ်နိုင်ငံက စူပါမားကတ်တစ်ခုမှာ သားအဖနှစ်ယောက် ဈေးဝယ်ထွက်လာရင်း ဖခင်ဖြစ်သူက ချော်လဲပြီး သားငယ်ပေါ်ပြုတ်ကျသွားခဲ့ရာ ကလေးဖြစ်သူ သေဆုံးသွားခဲ့သည်။
 
CCTV တွင် ဖမ်းမိထားသော ဗီဒီယိုတွင် သားဖြစ်သူ (အသက် ၄/၅ နှစ်ဝန်းကျင်) က ဖခင်ဖြစ်သူ၏ လက်နှစ်ဖက်ကို နောက်ကနေဆွဲကာ ကစားရင်း လိုက်ပါလာခဲ့ရာ တစ်နေရာအရောက်တွင် ဖခင်ဖြစ်သူဟန်ချက်ပျက်ပြီး ကလေးငယ်ပေါ်သို့ နောက်ပြန်လဲကျခဲ့သည်။ 
ထို့နောက် ပြန်ထပြီး ကလေးငယ်ကိုပွေ့ချီရာ ကလေးငယ်မှာ ဖိကျမိသည့်ဒဏ်ဖြင့် သေဆုံးသွားသည်ကို ထိန့်လန့်စရာမြင်တွေ့ခဲ့ရသည်။ ခန္ဓာကိုယ်ကြီးမားသည့် ဖခင်ဖြစ်သူ၏ အပေါ်ပိုင်းတစ်ကိုယ်လုံးနင့် ကလေးငယ်၏ ဦးခေါင်းနှင့် လည်ပင်းကို ဖိမိတာကို ဗီဒီယိုတွင် မြင်တွေ့ရပါလိမ့်မည်။
 
အရွယ်နုနယ်သေးသော ကလေးငယ်များနှင့် ပြုမူဆက်ဆံရာတွင် အန္တရာယ်မရှိအောင် အမြဲသတိပြုသင့်သည်ဆိုတာကို ယခုအဖြစ်အပျက်က သင်ခန်းစာယူရန် သင့်ပါသည်။
 


Follow us on